ရုပ်ရှင်ဇာတ်ကားတိုင်းမှာပီပြင်တဲ့ကာရိုက်တာတွေအပြင်ပရိသတ်တွေကိုရုပ်ရှင်တစ်ကားရဲ့ရသတွေအပြည့်ပေးနိုင်အောင်ကြိုးစားနေရတာကတော့မင်းသမီးချောလေးဖွေးဖွေးပဲဖြစ်ပါတယ်။သူကတော့တစ်နိုင်ငံလုံးကပရိသတ်တွေချစ်နေရတဲ့မင်းသမီးလေးပဲဖြစ်ပါတယ်။သူ့ရဲ့ပီပြင်တဲ့ကာရိုက်တာတွေကြောင့်သူ့ဇာတ်ကားတိုင်းကပရိသတ်တွေတစ်ခဲနက်အားပေးနေရတာပါ။ 

လက်ရှိမှာလည်းအနုပညာအလုပ်တွေကိုမပြတ်တမ်းကြိုးစားနေရတာဖြစ်ပါတယ်။သူမကတော့တစ်နေ့တစ်ခြားအလှတွေပိုနေတာကြောင့်လည်းတစ်နေ့ထက်တစ်နေ့ပရိသတ်တွေများလာပြီးပိုမိုအောင်မြင်လာတာဖြစ်ပါတယ်။သူ့ပုံရိပ်လေးတိုင်းကိုလည်းလူမှုကွန်ရက်ကနေတင်ပေးလေ့ရှိပြီးပရိသတ်တွေကလည်းပုံရိပ်လေးတွေကိုကြည့်ပြီးချစ်နေရတာပါ။ 

အနုပညာအလုပ်တွေကြိုးစားနေတဲ့သူမကတော့ခုမှာစိတ်မကောင်းစရာကိစ္စတစ်ခုကြောင့်ပရိသတ်တွေစိတ်ပူနေရတာပါ။သူမကားတိုက်ခံရဆိုတဲ့သတင်းကပရိသတ်တွေကြားမှာပျံ့နှံ့သွားတာဖြစ်ပါတယ်။ဖွေးဖွေးကတော့မနေ့ညကပဲခါးခွဲစိတ်ထားရတာဖြစ်ပါတယ်။ခါးပတ်ပတ်ထားလို့ဆိုတဲ့စာသားလေးကိုလည်းတင်ထားပြီးပရိသတ်တွေစိတ်ပူနေရတာပါ။ပရိသတ်တွေကိုအမြဲပျော်ရွှင်အောင်ဖန်တီးပေးတဲ့ဖွေးစိန်လေးလည်းအမြန်ဆုံးသက်သာပါစေလို့ဆုတောင်းပေးရအောင်နော်။

Source - Tin Tun Min

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။