ဂျင်းကောင်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်ကြီးတို့ရဲ့ အချစ်တော်မြင့်မြတ်ကတော့ အနုပညာလောကမှာ ထိပ်တန်းကနေ အောင်မြင်မှုတွေအခိုင်အမာနဲ့ ယောင်္ကျားလေး မိန်းကလေးပရိသတ်တွေအပြင် လူကြီးလူငယ်အားလုံးက ချစ်ခင်ရတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ကျရာကာရိုက်တာတွေကို ကျွမ်းကျင်ပီပြင်စွာ သရုပ်ဆောင်ပိုင်နိုင်လွန်းတဲ့ ဇာတ်ရုပ်တွေကြောင့် အကယ်ဒမီထူးချွန်ဆုအပြင် ပရိသတ်တွေရင်ထဲက လှိုက်လှိုက်လှဲလှဲပေးထားကြတဲ့ ပရိသတ်အကယ်ဒမီဆုတွေကိုလည်း သိမ်းပိုက်ထားသူဆိုလည်း မမှားပါဘူး..။

ပရိသတ်တွေရဲ့ အချစ်တော် သဘာဝမင်းသားကြီးကတော့ လတ်တလောမှာ ရေခဲတောင်ကို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးအတွက် ရောက်ရှိနေတယ်ဆိုတာ ပရိသတ်ကြီးများ သိပြီးလောက်ပြီ ထင်ပါတယ်နော်..။

ပရိသတ်တွေရဲ့အချစ်တော်လေး မြင့်မြတ်ကတော့ ဆယ်တန်းဖြေဆိုနေကြတဲ့ ကျောင်းသား ကျောင်းသူ ညီလေး ညီမလေးတွေအတွက် ရေခဲတောင်ကနေ ယုန်လေး ကေညီတို့နဲ့အတူ ဆုတောင်းစကားလေးပြောလိုက်ပါတယ်နော်..။

ဆယ်တန်းစာမေးပွဲဖြေဆိုနေကြတဲ့ ညီလေး ညီမလေးတွေကို ဆုတောင်းပေးရင်း စာမေးပွဲတွေပြီးရင်လည်း လာမယ့်မတ်လ(၂၂)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “ဒယ်ဒီဖားကင်” ဟာသ ရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသမှာဖြစ်တာမို့ လာရောက်အားပေးကြည့်ရှု့ကြဖို့လည်း ဖိတ်ခေါ်ထားပါသေးတယ်နော်..။

အခုလတ်တလောမှာလည်း ဆယ်တန်းဖြေဆိုနေကြတဲ့ ညီလေး ညီမလေးတွေအတွက် ဆုတောင်းပေးထားကြတဲ့ မြင့်မြတ်တို့ရဲ့ ချစ်စရာ ဗီဒီယိုလေးကိုလည်း ချစ်ပရိသတ်တွေအတါ့် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - ဒယ်ဒီဖားကင်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။