လက်ရှိအချိန်မှာတော့ အိန္ဒိယနိုင်ငံ မဟာရတ်ရှ်တြာပြည်နယ်အတွင်း မှာ H1N1 ဝက်တုပ်ကွေးရောဂါ ကူးစက်ပြန့်ပွားနေတယ်လို့သိရပါတယ်။

အိန္ဒိယကျန်းမာရေးဌာနရဲ့ တနင်္ဂနွေနေ့ ထိ ထုတ်ပြန်ထားတဲ့ စာရင်းအရဆိုရင်လည်း လူဦးရေ ၅ သိန်း ၂ သောင်း ၈ ထောင်ကျော်မှာ ၎င်းရောဂါ ကူးစက်ခံထားရသူ ၆၇၅ ဦးရှိနေတယ်လို့လည်းသိရပါတယ်။  

ဒါ့အပြင် မဟာရတ်ရှ်တြာပြည်နယ်အတွင်းမှာဆိုရင်လည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ စားရင်းများအရ ဝက်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၅၂ ဦးရှိနေပြီလို့သိရပါတယ်။

ဒါ့အပြင် ရာဂျက်စသန်မြို့မှာတော့ ၂၀၁၉ ခုနှစ်အတွင်း ဝက်တုပ်ကွေးကူးစက်လို့ လူ သုံးထောင့်ရှစ်ရာသုံးဆယ် သေဆုံးခဲ့တယ်လို့ DNA India သတင်းဌာနက မတ်လ ၁၀ ရက်မှာ ထုတ်ပြန်ထားတယ်လို့သိရပါတယ်။

နိုင်ငံအနောက်ပိုင်း အာမဒ်ဒါဘဒ်မြို့မှာဆိုရင်လည်း ယခုနှစ်ရာသီအတွင်း ဝက်တုပ်ကွေးရောဂါကူးစက်ခံရသူ တစ်ထောင့်နှစ်ရာ အထိမြင့်တက်ခဲ့တယ်လို့သိရပါတယ်။

၎င်းမြို့မှာဆိုရင်လည်း လက်ရှိအချိန်ထိ ဝက်တုပ်ကွေးရောဂါကြောင့် သေဆုံးသူ ၁၁၄ ဦးထက်မနည်းရှိနေပြီလို့သိရပါတယ်။  

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။