ယနေ့မှာဆိုရင်တော့ အိန္ဒိယနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲဟာ စတင်ကျင်းပခဲ့ပြီပဲဖြစ်ပါတယ်။

၎င်းရွေးကောက်ပွဲကိုတော့ ပြည်နယ်အလိုက် ၇ ပိုင်းခွဲ ကျင်းပသွားမှာဖြစ်တယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားကြောင်း သိရပါတယ်။  

အိန္ဒိယနိုင်ငံ တဝန်းလုံးမှာဆိုရင်လည်း ယခုရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ လူဦးရေ သန်း ၉၀၀ လောက်ရှိတယ်လို့သိရပါတယ်။

ဒါ့အပြင် ၎င်းမဲပေးခွင့်ရှိသူအရေအတွက်ထဲမှာ ဆယ်ကျော်သက်မဲရှင် ၁၅ သန်းလောက်ပါဝင်နေတယ်လို့လည်းသိရပါတယ်။  

ယခုရွေးကောက်ပွဲဟာ ယနေ့ မတ်လ ၁၁ ရက်ကနေ လာမယ့် မတ်လ ၁၉ ရက်နေ့ထိ ၉ရက်တာကျင်းပပြုလုပ်သွားမှာပဲဖြစ်ပါတယ်။

ရွေးကောက်ပွဲက ရရှိတဲ့ မဲရလဒ်တွေကိုတော့ မတ်လ ၂၃ ရက်နေ့မှာ စတင်ရေတွက်မှာပဲဖြစ်ပါတယ်။  

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။