ချစ်ပရိတ်သတ်ကြီးရေ... အမိုက်စားသံစဉ် အလန်းစားသီဆိုမှုတွေနဲ့ ပရိတ်သတ်တွေရင်ထဲကို ဝင်ရောက်နေရာယူခဲ့တဲ့ ပရိတ်သတ်တွေရဲ့အချစ်တော်လေးပိုပိုဟာ လက်ရှိမှာ ခရီးလေးတွေထွက်ဖြစ်နေပြီတော့ အနုပညာအလုပ်တွေကို ဆက်တိုက် ဇယ်ဆက်သလိုလုပ်ဖြစ်နေပါတယ်နော်။သူမဟာ ချစ်ဖူးခဲ့သမျှဆိုတဲ့ သီချင်းအခွေလေးနဲ့ပရိတ်သတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ပိုင်ဆိုင်ခဲ့ရသူလေးပါနော်။

မကြာသေးခင်ကမှလည်း သူမဟာ Masterpieceဆိုတဲ့သီချင်းခွေသစ်လေးကို ထွက်ရှိထားခဲ့ပါတယ်နော်။သူမရဲ့သီချင်းအတော်များများဟာ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသီချင်းမျိုးလေးတွေဖြစ်ပြီးတော့ အမိုက်စားသံစဉ်တွေနဲ့ ဖန်တီးပြီးပရိတ်သတ်တွေရဲ့လက်ထဲကိုထည့်ပေးခဲ့ပါတယ်နော်။ အခုတစ်ခါမှာလည်း မကြာခင်ရောက်ရှိလာတော့မယ့် သင်္ကြန်အတွက် သီချင်းအသစ်လေးကို အဆိုတော် သားသားနဲ့ အတူ ပူးပေါင်းဖန်တီးပြီးတော့ ပရိတ်သတ်တွေလက်ထဲကို အရောက်ထည့်ပေးခဲ့ပြန်ပါပြီနော်။

သူမဟာ ခပ်မြူးမြူး သင်္ကြန်သီချင်းလေးတစ်ပုဒ်ကို အမိုက်စား ကိုယ်ပိုင်တီထွင်ဖန်တီးမှုတွေနဲ့ အတူ ပရိတ်သတ်တွေကို ချပြပေးခဲ့တာပဲဖြစ်ပါတယ်။ အခုဆိုရင် မြန်မာသံစဉ်နဲ့ အနောက်တိုင်း EDMအမြူးပုံစံလေးတို့ကိုMixလုပ်ထားတဲ့ သူမရဲ့သင်္ကြန်သီချင်းအသစ်လေးဟာ Music Videoလေးနဲ့တကွ ထွက်ရှိလာခဲ့ပြန်ပါပြီနော်။ ဒီသီချင်းလေးထဲမှာဆိုရင် နှုတ်ခမ်းနီမလေးတွေရဲ့ အသဲစွဲ ပြည်တော်ချစ် မင်းသားချောလေးတွေရဲ့ အချစ်တော်ကောင်မလေးအဖြစ် ပရိတ်သတ်ကြီးတို့တွေ့မြင်ရမှာပဲဖြစ်ပါတယ်နော်။  

Source : Po Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။