ရုရှားနိုင်ငံအတွင်းမှာဆိုရင်လည်း ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။

သူတို့ဆန္ဒပြရတဲ့အကြောင်းရင်းကတော့ အင်တာနက်ချိတ်ဆက်မှု ပိုမိုတင်းကျပ်မယ့် ဥပဒေကြမ်းကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်

၎င်းဥပဒေကြမ်းကိုတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ ရုရှားလွှတ်တော်အမတ်တွေက ထောက်ခံခဲ့ကြတယ်လို့သိရပါတယ်။

၎င်းဥပဒေကြမ်းကတော့ ရုရှား အင်တာနက်ဝန်ဆောင်မှုကို ပြည်ပဆာဗာတွေနဲ့ ချိတ်ဆက်နေတာတွေ ဖြတ်တောက်ဖို့အပြင် အင်တာနက်ကွန်ရက် စီးဆင်းမှုနဲ့ ဒေတာတွေကို အစိုးရက ထိန်းချုပ်ခွင့်ပြုဖို့ အဆိုပြုထားတဲ့ ဥပဒေကြမ်းတစ်ခုပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ဒီဥပဒေကြမ်းကိုလက်မခံနိုင်တဲ့ သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာ ကန့်ကက်ဆန္ဒပြခဲ့ကြတာပဲဖြစ်ပါတယ်။

သို့ပေမယ့် ၎င်းဥပဒေကြမ်းကိုတော့ ယခုလအတွင်းမှာ ဒုတိယအကြိမ်မဲခွဲဆုံးဖြတ်မှာဖြစ်ပြီး အောင်မြင်ခဲ့ရင် အထက်လွှတ်တော်နဲ့ သမ္မတ ပူတင်တို့ လတ်မှတ်ရေးထိုး အတည်ပြုဖို့လိုအပ်သေးတယ်လို့သိရပါတယ်။

source - dvb 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။