ပန်ပန်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးချော ဆုပန်ထွကတော့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်ောတ် သရုပ်ဆောင်အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်နော်..။

ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးချောပန်ပန်တစ်ယောက်ကတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တစ်ဦးဖြစ်သလို ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူလေးလည်း ဖြစ်ပါတယ်နော်..။

အချစ်တော်လေး ပန်ပန်ကတော့ သရုပ်ောဆင်ပိုင်း ထူးချွန်သလို ဂီတပိုင်းမှာလည်း ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကို ရရှိထားပြီး လတ်တလောမှာလည်း အဆိုတော် ဆိုတေးနဲ့အတူ သီချင်းတွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်နော်..။

“သေလောက်အောင်ချစ်တယ်” သီချင်းလေးနဲ့ “ကြယ်တွေကြွေတိုင်း” ဆိုတဲ့ သီချင်းအသစ်လေးနှစ်ပုဒ်ကို ကိုယ်တိုင်သီဆိုသရုပ်ဆောင်နေတာမို့ မကြာခင်မှာ ပရိသတ်တွေရှေ့ကို ရောက်ရှိလာတော့မှာပဲ ဖြစ်ပါတယ်နော်..။

“ကြယ်တွေကြွေတိုင်း” ဆိုတဲ့ သီချင်းလေးကို ဆိုတေးက ရေးစပ်ထားပြီး စုံတွဲလေး သီဆိုမှာဖြစ်သလို တေးရေးညီမင်းခိုင်ရေးထားတဲ့ "သေလောက်အောင်ချစ်တယ်" ဆိုတဲ့ သီချင်းလေးကိုတော့ ညီမင်းခိုင်နဲ့အတူ သီဆိုမှာ ဖြစ်ပါတယ်နော်..။

သီချင်းလေးအတွက် MTV လေး ရိုက်ကူးနေကြပြီး ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်လေးတွေကိုလည်း ပန်ပန်က ချစ်ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

Photo - ဆုပန်ထွာ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။