Justin Bieber တစ်ယောက်ဟာ ခုရက်ပိုင်းတွင်မှာ သူမိန်းမဖြစ်သူ Hailey Baldwin နဲ့လက်ထပ်ရမဲ့ကိစ္စကို စစ်ပွဲထဲရောက်နေတဲ့ လူတစ်ယောက်လို အလေးအနက်ကြိုးစားနေလျက်ရှိနေပါတယ်။ လွန်ခဲ့တဲံ့ ရက်အနည်းငယ်က JB ဟာ Instagram ပေါ်ကို ကိုယ်ရေးကိုယ်တာကိစ္စနဲ့ပတ်သတ်ပြီး တင်ခဲ့ပါတယ်။သူဖြစ်ပေါ်ခံစားနေရပြီး ရင်ဆိုင်ကြုံတွေ့နေရတဲ့ အကြောင်းတွေကို ရေးတင်ခဲ့တာဖြစ်ပါတယ်။  

စာနဲ့အတူပါတဲ့ပုံဟာဆိုရင်တော့ ၂၀၁၆ခုနှစ်က သူငယ်ချင်းတွေဖြစ်တဲ့ Kanye West နဲ့ Scooter Braun တို့နဲ့အတူတွဲရိုက်ထားတာဖြစ်ပါတယ်။ သူဟာ တကယ်ကိုပဲ သူရဲ့ကိုယ်ရေးကိုယ်တာနဲ့ပတ်သတ်ပြီး ပရိသတ်တွေကိုလဲ ရင်ဖွင့်ခဲ့ပါတယ်။ သူဟာဆိုရင်လဲ မကြာခဏဆိုသလို စိတ်ကျရောဂါဖြစ်လေ့ရှိကာသိပ်မကြာသေးခင် အပတ်လောက်တုန်းကမှ ကုသထားခြင်းဖြစ်ပါတယ်။ အရင်နေ့တွေကလဲ မြို့ပေါ်ကိုတစ်ယောက်ထဲ မှိုင်းတွေးကာ ထွက်လာပါတယ်။ 

Justin Bieber နဲ့ Hailey Baldwin တို့ဟာ စက်တင်ဘာလလောက်တုန်းက တိုးတိတ်စွာပဲ လက်ထပ်ခဲ့ကြပြီပြီးဖြစ်ပါတယ်။ ခုချိန်မှာတော့ လူသိရှင်ကြားနဲ့ အနုပညာရှင်တွေကိုဖိတ်ကြားပြီး မင်္ဂလာဆောင်ကို ကြီးကျယ်ခမ်းနာစွာ ကျင်းပဖို့ပဲဖြစ်ပါတယ်။ မင်္ဂလာဆောင်ကိုရွေးချယ်ထားပေမဲ့လဲ ရွေးချယ်ထားတဲ့ရက်ကို ဖျက်ပစ်တာလဲ ၂ခါရှိပြီပဲဖြစ်ပါတယ်။ ခုချိန်မှာလဲ JB ကမင်္ဂလာဆောင်ကိစ္စနဲ့ပတ်သတ်ပြီး တော်တော်လေးကို အာရုံးစိုက်နေရပါတယ်။ 

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။