လူငယ်ပရိသတ်တွေကြားမှာ အရမ်းကို ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော် Ar T ကတော့ သူရဲ့သီချင်းလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်သူ ဖြစ်ပါတယ်။ အမိုက်စား Body နဲ့ နှုတ်ခမ်းနီမလေးတွေ ကြွေကျရလောက်တဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားတဲ့ Ar T က အခုလည်း ဖန်တီးမှုအသစ်တွေနဲ့ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပြန်ပါတယ်။ လတ်တလောမှာလည်း Ar T က သီချင်းအသစ်လေးတွေ ဆက်တိုက်ထွက်ရှိလာတာ တွေ့ရပါတယ်။

အခုရက်ပိုင်းမှာတော့ Ar T ရဲ့ "လမ်းခွဲစကား" ဆိုတဲ့ သီချင်းလေးက နံပါတ်တစ်နေရာမှာ ရပ်တည်နေပြီး အရမ်းကို ရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ လာမယ့် မတ်လ ၁၅ ရက်နေ့မှာလည်း Ar T ရဲ့ "တစ်ဖက်သတ်" ဆိုတဲ့ သီချင်းလေးက အသစ်ထွက်ရှိလာဦးမှာ ဖြစ်ပါတယ်။ အခုလည်း Ar T က မကြာခင်မှာ ထွက်ရှိမယ့် "တစ်ဖက်သတ်" သီချင်း MTV လေးရဲ့ အမြည်းဗီဒီယိုလေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးထားပါတယ်။

ဒီသီချင်းဗီဒီယိုလေးမှာတော့ Ar T နဲ့ အောန်ဆိုင်းတို့က အဓိက ပါဝင်သရုပ်ဆောင်ထားဖြစ်ပြီး ကမ်းခြေမှာ Bikini ဝတ်စုံတွေနဲ့ အကြမ်းစားရိုက်ကူးထားတာ ဖြစ်ပါတယ်။ ကြမ်းတာထက်ကိုပိုပြီး အရမ်းကို ဂေါ်နေတဲ့ Ar T နဲ့ အောန်ဆိုင်းတို့ပါဝင်ထားတဲ့ သီချင်းဗီဒီယိုလေးကတော့ အားလုံးကို ပါးစပ်အဟောင်းသားဖြစ်စေခဲ့တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် အဆိုတော် Ar T ရဲ့ အသစ်ထွက်ရှိမယ့် "တစ်ဖက်သတ်" သီချင်း MTV လေးရဲ့အမြည်းဗီဒီယိုလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thi Ha Tun& JOOX Myanmar;

credit;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။