မိတ်ကပ်လောကမှာ ကျွမ်းကျင်တဲ့ မိတ်ကပ်ပညာရှင်တစ်ယောက်အဖြစ်နာမည်ကြီးနေတဲ့ ဟန်နာယူရီဆိုတဲ့ မိန်းမလှလေးကတော့ ကိုရီးယားမလေးလို့ ချစ်စရာကောင်းတဲ့ အသားအရေလေးကို ပိုင်ဆိုင်ထားပြီး မြင်သူတိုင်းက ငေးမောရလောက်အောင် လှပတဲ့ ကောင်မလေးတစ်ဦးဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုရင် မိတ်ကပ်ဖန်တီးမှုတွေကိုသာမက အနုပညာလောကထဲကို ပါဝင်ရောက်လာတဲ့ ဟန်နာယူရီက ကိုရိးယားနိုင်ငံနဲ့ အတူ လက်တွဲပြီး ကြော်ငြာတွေကိုရိုက်ကူးပေးလျက်ရှိပါတယ်။

လက်တလောမှာတော့ သူမရဲ့ ကြိုးစားမှုတွေကြောင့် ပရိသတ်တွေဆီကနေ အားပေးမှုတွေကို များစွာရရှိခဲ့ပြီး ချစ်စရာကောင်းတဲ့ သူတစ်ယောက်အဖြစ် ပုရိသတွေဝန်းရံခံရတဲ့ သူလေးလည်း ဖြစ်ပါတယ်။ လက်ရှိမှာ သူမနဲ့ သက်ဆိုင်တဲ့ ပွဲအခမ်းအနားတွေကို တစ်ခြားသူတွေလို မဟုတ်ပဲ ပေါ့ပါးတဲ့ မိန်းကလေး အသွင်နဲ့ တက်ရောက်ချီးမြှင့်လျက်ရှိတာကို မြင်တွေ့ရမှာပါ။

ယခုလည်း Fujifilm Myanmar Eventပွဲလေးကို တက်ရောက်ခဲ့တာဖြစ်ပြီး သူမလိုပဲ ကိုရီးယားမော်ဒယ်လေးတွေလို ချစ်စရာကောင်းတဲ့ သူငယ်ချင်းတွေနဲ့ အတူ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို မြင်တွေ့ရမှာပါ။ မထိရက်မကိုင်ရက်လောက်အောင်လှလွန်းနေတဲ့ ချစ်စရာကောင်းတဲ့ ဟန်နာယူရီက ပုရိသတွေကို ရင်တဒုတ်ဒုတ်ခုန်သွားအောင် အမူအယာလေးတွေနဲ့ ရိုက်ထားတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးထားပါတယ်။

Source: Hanna Yu Ri

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။