ပရိတ်သတ်ကြီးရေ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်တဲ့ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဖွေးဖွေးကတော့ အနုပညာလမ်းကြောင်းပေါ်ရောက်ရှိလာတာ ကြာမြင့်နေပြီဖြစ်သလို သူမရဲ့ သရုပ်ဆောင်စွမ်းရည်တွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးလာတဲ့ အိုင်တင်တွေနဲ့ ပရိတ်သတ်ရဲ့ ရင်ထဲမှာ နေရာယူထားဆဲဖြစ်ပါတယ်။ဖွေးရဲ့ ဇာတ်ကားများဟာဆိုရင်လည်း ပရိတ်သတ်တွေ နှစ်ခြိုက်သဘောကျကြပြီး ယခုချိန်ထိ တစ်ခဲနက်အားပေးကြတာပဲဖြစ်ပါတယ်။

ဖွေးဖွေးက အခုဆိုရင် အသက်၃၀အရွယ် မိန်းမကြီးတစ်ယောက်အရွယ်ကို ရောက်ရှိလာပေမယ့် နုဖတ်ပျိုမျစ်နေတဲ့ အလှတရားတွေက မကုန်ခမ်းသွားပါဘူးနော်။အခုဆိုရင် အရင်ကထက်ပိုလှလာပြီး ပိုပြီးလည်း ချစ်စရာကောင်းလာပါတယ်။ဖွေးဖွေးက အနုပညာအလုပ်တွေကို ယခုချိန်ထိလည်း တစ်စိုက်မက်မက်လုပ်ဆောင်နေပြီး ရုပ်ရှင်ကားများစွာကိုလည်း ဆက်လက်ရိုက်ကူးနေဆဲဖြစ်ပါတယ်။

ဖွေးဖွေးရဲ့ ချစ်စရာကောင်းတဲ့ အမူအရာလေးတွေနဲ့ ဖြူစင်တဲ့ အပြောအဆိုလေးတွေကြောင့် တကယ့်ကိုကလေးတစ်ယောက်လို ချစ်စရာကောင်းနေပါတယ်နော်။စိတ်သဘောထားလေးပြည့်ဝပြီး ဖြူစင်တဲ့ မင်းသမီးလေးဖြစ်လို့ လူချစ်လူခင်ပေါများပြီး ပေါင်းသင်းဆက်ဆံရေးလည်း ကောင်းပါတယ်။အခုဆိုရင်လည်း အရမ်းကို ချစ်စရာကောင်းတဲ့ စနိုးဝှိုက် မင်းသမီးလေးတစ်ပါးလို နီရဲတောက်ပနေတဲ့ ပုံရိပ်လေးတွေကို ပရိတ်သတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်နော်။

Source:Nyein Ko

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။