Melody World ကနေ ဂီတလောကကို လျှောက်လှမ်းနေသူကတော့ ဖြိုးပြည့်စုံပဲ ဖြစ်ပါတယ်။ သီချင်းကောင်းလေးတွေကိုသီဆိုတတ်ပြီး သူ့ရဲ့သီချင်းတိုင်းလိုလိုကလည်း ပရိသတ်တွေရဲ့ရင်ဘတ်ထဲထိဝင်နေရာယူထားတာလည်း ဖြစ်ပါတယ်။ လရိပ် ဆိုတဲ့ သီချင်းလေးကလည်းသူ့ဘဝရဲ့မှတ်တိုင်ကိုစိုက်ထူထားနိုင်ခဲ့တဲ့ သီချင်းကောင်းလေးပါ။ 

သူ့ရဲ့ပြန်ဆိုတေးများဟာလည်း ပရိသတ်တွေရဲ့ခံစားချက်တွေနဲ့တိုက်ဆိုင်ပြီး အားပေးကြတာလည်းဖြစ်ပါတယ်။ အနုပညာလမ်းကြောင်းမှာ အချိန်တစ်ခုမျှလျှောက်လှမ်းခဲ့ပြီး အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အခုတစ်ခေါက်မှာလည်း သြင်္ကန်အတွက် သီချင်းလေးတစ်ပုဒ်ကို အမြည်းအနေနဲ့ပရိသတ်တွေကို ဝေမျှလိုက်တာပဲ ဖြစ်ပါတယ်။ သီချင်းနာမည်လေးကတော့ လတ်တလောလှုပ်ရှားမှု ဖြစ်ပြီး သူဆိုနေကြပုံစံမျိုးမဟုတ်ပဲ အမြူးသီချင်းလေးဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဖြိုးပြည့်စုံရဲ့အလန်းစားသီချင်းအမြည်းလေးကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source - Phyo Pyae Sone

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။