မြွေဆိုတဲ့ သတ္တဝါဟာ လူကိုဒုက္ခပေးနိုင်တဲ့ သတ္တဝါဖြစ်ပြီး အခန့်မသင့်ရင် သူ့ရဲ့အဆိပ်ကြောင့် လူ့အသက်တောင် ဆုံးရှုံးနိုင်ပါတယ်။ ဒါကြောင့်လည်း လူတော်တော်များများက မြွေမြင်ပြီး ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးတဲ့သူက ခပ်များများ ရယ်ပါ။ ဒါပေမယ့်လည်း တရုတ်နိုင်ငံမှာတော့ မြွေသားဆိုတာ နေ့စဉ် စားနေကြ ကြက်သား ၊ ဝက်သားတို့ကိုစားသလိုမျိုး သူတို့အတွက်တော့ သိပ်အထူးဆန်း မဟုတ်တော့ပါဘူး။

အခုမြင်တွေ့နေရတဲ့ ပုံတွေဟာဆိုရင် တရုတ်နိုင်ငံရဲ့ နေရာအချို့မှာ ရိုက်ကူးထားတဲ့ ပုံရိပ်တွေထဲက အချို့ပုံတွေပဲ ဖြစ်ပါတယ်။ မြွေသားဟာ လတ်တလောမှာ အတော်လေးကို လူကြိုက်များနေတယ်လို့ သိရပြီး မြွေရဲ့ အတွင်းအစိတ်အပိုင်းတော်တော်များဟာ ရောင်းကောင်းတယ်လို့ သိရပါတယ်။ နယ်စပ်ဈေးတွေမှာဆိုရင်လည်း မြန်မာဘက်မှ လာရောင်းသူတွေရှိပြီး ဒီလိုဈေးတန်းတွေဟာ ကြက်ပျံမကျ စည်းကားလွန်းနေပါတယ်။

မြွေသားကို သာမန်စားသောက်တဲ့ သူတွေရှိသလို တချို့ကလည်း ဆေးဖက်ဝင်တဲ့အတွက်ကြောင့် ကျန်းမာရေးကောင်းစေဖို့ရည်ရွယ်ချက်နဲ့ စားကြသူတွေလည်း၇ှိပါတယ်။ တချို့ဆေးနည်းတွေမှာတော့ စပါးကြီ မြွေရဲ့ သည်းခြေကို လေဖြတ်နေတဲ့ လူနာရှင်တွေကို ကုသတဲ့ နေရာမှာ အသုံးပြုတယ်လို့လည်း သိမှတ်ခဲ့ရပါတယ်။

Source : Thuta Yatha Aphyar phyar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။