ပြည်သူ့အချစ်တော် မင်းသမီးချောလေးဖြစ်တဲ့ စိုးပြည့်သဇင်ကတော့ အနုပညာလောကမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ အပြင် ပရိသတ်တွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်တွေအတွက်အကယ်ဒမီရွှေစင် ရုပ်ထုကြီးကို ထပ်မံဆွတ်ခူးနိုင်ဖို့ ကြိုးစားလျက်ရှိတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။

ရုပ်ရှင်ပိတ်ကားထက်မှာဆိုရင် ဟန်ဆောင်ကောင်းသလောက် အပြင်မှာဆိုရင်တော့ အရမ်းကို ရိုးသားဖြူစင်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်တဲ့ အပြင် ပရိသတ်တွေနဲ့ တရင်းတနှီးနေတတ်သူလေးမို့ ပရိသတ်တွေက အရမ်းကို ချစ်နေရတဲ့ သူလေးဖြစ်ပါတယ်။ ယခုဆိုရင် အနုပညာရှင် ညီမလေးယောက်ရဲ့ အားထုတ်ကြိုးစားမှုတွေနဲ့ ဖွင့်လှစ်ထားတဲ့ ဆိုင်လေးကို အလှည့်ကျထိုင်ရင်း အနုပညာအလုပ်တွေကိုလည်း အကောင်းဆုံးကြိုးစားနေတဲ့ စိုးပြည့်လေးကို မြင်တွေ့ရမှာပါ။

မကြာသေးခင်က Photoshop တွေအရမ်းကို ခေတ်စားလာတဲ့ အချိန်မှာ စိုးပြည့်ကတော့ Photoshop လုပ်ထားတဲ့ သူမရဲ့ ပုံလေးတွေကို စိတ်မဆိုးတဲ့ အပြင် အရမ်းကို သဘောကျလွန်းလို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာထက်မှာတောင် ပြန်လည် ဝေမျှခဲ့ပါသေးတယ်။ ယခုလည်း Photoshop ဆရာကြီးရဲ့ ကျွမ်းကျင်တဲ့ skill ကြောင့် စိုးပြည့်တစ်ယောက် စစ်သမီးပုံစံလေးနဲ့ အရမ်းကို လိုက်ဖက်နေတာကိုမြင်တွေ့ရမှာပါ။ စိုးပြည့်ကိုယ်တိုင်ကတောင် ချီုးကျူးလိုက်ရတဲ့ ဓာတ်ပုံလေးကို ပရိသတ်တွေအတွက် ပြန်လည် ဝေမျှပေးထားပါတယ်။

Source: Soe Pyae Thazin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။