ပရိတ်သတ်ကြီးရေ ရှမ်းတိုင်းရင်းသူလေးမြတ်ရတနာကျော်နဲ့ အဆိုတော်အာဘွိုင်းတို့ရဲ့ အိမ်ထောင်ရေးလေးဟာဆိုရင် အရမ်းကိုသာယာပျော်ရွှင်ရပြီး မိသားစုတွေသိုက်သိုက်ဝန်းဝန်းနဲ့ သာယာချမ်းမြေ့တဲ့ အိမ်ထောင်ရေးလေးပါနော်။ရှမ်းမလေးတစ်ယောက်ဖြစ်တဲ့ မြတ်ရတနာကျော်ကလည်း မွေးရပ်မြေ တောင်ကြီးကို ခွဲခွာပြီး ချစ်ရသူနောက်ကိုလိုက်ကာ အိမ်ထောင်ရှင်မကောင်းတစ်ယောက်ဖြစ်အောင်ကြိုးစားနေပါတယ်။

မြတ်ရတနာကျော်က ခင်ပွန်းနဲ့ မိသားစုအပေါ်လည်း အရမ်းကိုသိတတ်လိမ္မာလို့ အာဘွိုင်းအတွက်တော့ အရမ်းကိုလိမ္မာတဲ့ ဇနီးကောင်းလေးတစ်ယောက်ပါနော်။အခုဆိုရင်တော့ သူတို့ဇနီးမောင်နှံမှာ သမီးလေးတစ်ယောက်လည်း မွေးဖွားထားပါပြီနော်။သမီးလေးရဲ့နာမည်ကို scarlett phyo tun လို့နာမည်ပေးထားပြီး ဖြူဖွေးနုဖတ်တဲ့ အမေတူသမီးလေးတစ်ယောက်ဖြစ်ပါတယ်။

scarlett လေးက မနက်ဖြန်ဆိုရင် ၆လပြည့်ပြီး စကားလေးတွေကိုလည်း တီတီတာတာလေးတွေ ပြောတတ်နေပြီဖြစ်ပါတယ်။မေမေမြတ်ရတနာကျော်ရဲ့ ငယ်ပုံရိပ်လေးတွေနဲ့ တူတဲ့သမီးလေးက ကြီးလာရင်လည်း မေမေ့လိုပဲ ချစ်စရာကောင်းပြီး အရမ်းလှတဲ့ကောင်မလေးတစ်ယောက်ဖြစ်လာမှာပါနော်။scarlett လေးရဲ့ တစ်နေ့တစ်ခြားပိုပိုချစ်စရာကောင်းလာတဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Source:Myat Yadanar Kyaw

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။