ထိုင်းလက်ဝှေ့လောကမှာ ရေပန်းစားချန်ပီယံတစ်ဦးဖြစ်တဲ့ Buakaw ကိုတော့ အားလုံးသိမယ်ထင်ပါတယ်။ ထိုင်းနိုင်ငံရဲ့ ပြိုင်စံရှားဖိုက်တာတစ်ဦးဖြစ်ပြီး အာရှသာမက အနောက်နိုင်ငံတွေကပါ သိတဲ့ လက်ဝှေ့ကျော်တစ်ဦးလည်းဖြစ်ပါတယ်။ ထို့နည်းတူ တရုတ်နိုင်ငံ ကိုယ်စားပြု ရှောင်လင်ဖိုက်တာ Yi Long ကလည်း လက်ဝှေ့လောကမှာ နာမည်ရဖိုက်တာတစ်ဦးဖြစ်ပြီး Buakaw နဲ့ နှစ်ကြိမ်တိုင်တိုင်ထိုးသတ်ဖူးသူတစ်ယောက်လည်းဖြစ်ပါတယ်။  

Buakaw နဲ့ Yi Long တို့ကတော့ နှစ်ကြိမ်တိုင်တိုင်ထိုးသတ်မှုမှာ အနိုင်အရှုံးတစ်ပွဲစီဖြစ် သရေရလဒ်သာရရှိထားကြောင်း သိရပါတယ်။ အကြိမ်အနယ်ပွဲကောင်းတစ်ပွဲဖြစ်ပြီး နိုင်ငံနှစ်နိုင်ငံကိုယ်စားပြုဖိုက်တာတွေဖြစ်တာကြောင့် ပြည်တွင်း ပြည်ပလက်ဝှေ့ချစ်ပရိသတ်တွေအတွက် အကောင်းဆုံးပွဲတစ်ပွဲဖြစ်ပါ်တယ်။ လက်ရှိ Yi Long vs Buakaw တို့ ပွဲကို ဖြစ်မြောက်ရန် ကြိုးစားနေပြ့ီး မကြာမီယှဉ်ပြိုင်ဖို့ရှိနေကြောင်း သိရပါတယ်။  

တတိယအကြိမ်မြောက်တွေ့ဆုံမယ့် အဆိုပါ ပြိုင်ပွဲကို ဘယ်နေ့ဘယ်ရက်မှာ ထိုးသတ်နိုင်ရန် ရွေးချယ်လျှက်ရှိပြီး နှစ်ဦးသဘောတူ စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ မကြာမီ ပရိသတ်တွေအကြိုက်ဖြစ်လာမည့် yi long vs buakawတို့ရဲ့ ပွဲကို စောင့်ဆိုင်းရင်း ယခင်ပွဲအဟောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

vIDE0 - YOUTUBE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။