အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားကြပြီး ပြည်သူပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုပါ သိမ်းပိုက်ထားကြတဲ့ အနုပညာရှင်တွေထဲမှာ ဒါရိုက်တာဝိုင်း၊ သရုပ်ဆောင် ကျော်ရဲအောင်၊ မို့မို့မြင့်အောင်၊ ဖွေးဖွေးနဲ့ ခင်ဝင့်ဝါတို့ကတော့ ထိပ်တန်းအနုပညာရှင်တွေပဲ ဖြစ်ပါတယ်နော်..။

ဒီတစ်ခါမှာတော့ ပရိသတ်တွေရဲ့အချစ်တော် ဝါရင့်အနုပညာရှင်တွေဖြစ်ကြသလို ထိပ်တန်းအနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့ငါးယောက်အတူ ဖန်တီးထားတဲ့ မေတ္တာတရားတွေကို အခြေခံရိုက်ကူးထားတဲ့ “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင်မှာ ပရိသတ်တွေရှေ့ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်နော်..။

ရုပ်ရှင်ဇာတ်ကားကြီးတွေကို ပီပြင်ပြောက်မြောက်တဲ့ အနုပညာအရည်အချင်းတွေနဲ့ အမြဲတမ်းပုံဖော်ဖန်တီးတတ်တဲ့ နေရာမှာထူးချွန်တဲ့ ဒါရိုက်တာဝိုင်းကတော့ အခုတစ်ခါမှာလည်း “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားရိုက်ကွင်းမှာ မင်းသမီးချောလေး ခင်ဝင့်ဝါကို ငိုပုံငိုနည်းသင်ပေးနေတာ တွေ့ရပါတယ်..။

ဒါရိုက်တာ ဝိုင်းတစ်ယောက် မင်းသမီးချောလေး ခင်ဝင့်ဝါ ဇာတ်ကောင်ကာရိုက်တာပီပြင်ဖို့အတွက် အငိုသင်ပေးနေတဲ့ ကြက်သီးထလောက်စရာ ရိုက်ကွင်းဗီဒီယိုလေးကိုလည်း ပရိသတ်တွေသဘောကျနေကြသလို “မကြည်ပြာလေးအဖြစ် အပင်ခံပြီး သင်ပေးတဲ့ ဆရာဝိုင်းကို ကျေးဇူးတင်တာထက် ပိုပါတယ်..” ဆိုပြီးတော့လည်း ခေးလေးက ကျေးဇူးတင်စကားလေးလည်း ဆိုထားပါသေးတယ်..။

လာမယ့် မတ်လ(၂၂)ရက်နေ့မှာ ရုံတင်ပြသတော့မယ့် “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားကြီးကတော့ ရုံတင်မပြသခင်ကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်တစားအားပေးဝန်းရံမှုတွေကို ရရှိထားတဲ့ ဇာတ်ကားကောင်းလေး တစ်ကားလည်း ဖြစ်ပါတယ်နော်..။

ချစ်ရတဲံ Myanmarload ပရိသတ်တွေအတွက်လည်း ခေးလေးခင်ဝင့်ဝါနဲ့ ဒါရိုက်တာဝိုင်းတို့ရဲ့ ရိုက်ကွင်း ဗီဒီယိုဖိုင်လေးကိုလည်း ပြန်လည်မျှဝေပေးလိုက်တာမို့ အားပေးကြည့်ရှုပေးပါဦးနော်..။

Photo - လှပ်၍လွင့်သော ရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။