ပရိတ်သတ်ကြီးရေ လူငယ်စုံတွဲလေးတွေထဲမှာ နန်းစုနဲ့ဂျီဖတ်ကလည်း မနဲ့မောင်အဖြစ် အရမ်းရိုတဲ့ အတွဲလေးဖြစ်လို့ ပရိတ်သတ်တွေက အရမ်းကိုအားကျနေရတာဖြစ်ပါတယ်။နန်းစုက အရင်ကတည်းက အနုပညာလောကမှာ ဇာတ်ကားပေါင်းများစွာ မှာပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ မင်းသမီးချောလေးတစ်လက်ဖြစ်ပါတယ်။ဖြူဖွေးနုဖတ်နေပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေကြောင့် ကိုရီးယားမင်းသမီးလေးအလားအရမ်းကိုလှပါတယ်နော်။

ဂျီဖတ်ကလည်း တေးသီချင်းတွေနဲ့ ပရိတ်သတ်တွေရဲ့ရင်ထဲကို တိုးဝင်နေရာယူလာတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပါတယ်။ဂျီဖတ်ရဲ့ တေးသီချင်းစာသားတွေကလည်း ပရိတ်သတ်ရဲ့ခံစားချက်နဲ့ ထပ်တူညီလို့ အချိန်ခဏလေးနဲ့ အောင်မြင်ခဲ့ပါတယ်နော်။ချစ်သူလေး နန်းစုကိုလည်း သီချင်းတွေကို ကိုယ်တိုင်ရေးပေးပြီး နှစ်ယောက်သားက တွဲပြီးတော့လည်း သီချင်းလေးတွေဖန်တီးထားပါတယ်။အရမ်းကို လိုက်ဖက်ကြတဲ့ သူတို့စုံတွဲလေးတွေက အချစ်တွေ နားလည်မှုတွေနဲ့ တည်ဆောက်ထားကြလို့ ခိုင်ခိုင်မြဲနေကြပါတယ်နော်။

ဂျီဖတ်က အနုပညာလောကထဲကို ကိုယ့်ထူးကိုယ်ချွန်ပြီး ကြိုးကြိုးစားစားနဲ့ ဝင်ရောက်လာခဲ့ပြီး လူငယ်ပရိတ်သတ်တွေရဲ့ အကြိတ်အနယ်အားပေးမှုကိုရရှိခဲ့ပါတယ်။ဂျီဖတ်က သူ့ရဲ့ အနုပညာကြေးလေးတွေကို မိဘအတွက် လုပ်ကျွေးပြုစုနေတဲ့ သားလိမ္မာလေးတစ်ယောက်ပါနော်။အခုဆိုရင်လည်း ဂျီဖတ်က သူ့ရဲ့ချွေးနှဲစာလေးတွေနဲ့ မေမေ့ကို ဗုဒ္ဓဂါယာဘုရားဖူးကို ပို့ချင်ခဲ့တဲ့ အိမ်မက်လေးက ပြည့်ဝသွားခဲ့တဲ့ ပုံရိပ်လေးကို မျှဝေလိုက်ပါတယ်နော်။

Source:G Fatt

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။