Justin Bieber နဲ့ Hailey Baldwin တို့ဟာ မနှစ်တုန်းက လူတွေမသိလိုက်တဲ့ချိန်မှာပဲ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာလက်ထပ်ပြီးပြီဆိုတဲ့ သတင်းကိုအတည်မပြုခဲ့ပဲ လက်ထပ်ပြီး ၁လအကြာမှ အတည်ပြုခဲ့ကြပါတယ်။ အဲ့လိုတွေလက်ထပ်ခဲ့ကြတော့ အဲ့ချိန်ခါက ပရိသတ်တွေဟာ အံသြသင့်ခဲ့ကြပါတယ်။ တချို့ဆိုရင် ခုချိန်ထိ မသိသေးတဲ့ သူတွေရှိပါတယ်။  

အဲ့တုန်းက သူတို့လက်ထပ်ခဲ့တာဟာ တရားရုံးမှာ လက်မှတ်ထိုးတာလောက်ပဲရှိတာမို့ သူတို့နှစ်ယောက် ခုချိန်မှာ ကြီးကျယ်ခမ်းနားစွာ မင်္ဂလာဆောင်ဖို့ စီစဉ်နေကြပါတယ်။ သူတို့နှစ်ယောက်ဟာ လက်ထပ်မဲ့နေ့ကို ကြိုတင်ရက်ရွေးထားပါသော်လဲ အဆင်မပြေမှုတွေကြောင့် ဖျက်နေရတာ ၂ခါရှိပြီပဲဖြစ်ပါတယ်။ အဲ့လိုတွေပျက်ပြီးတဲ့ချိန်မှာ JB ဟာစိတ်ကျရောဂါကိုခံစားခဲ့ရပါတယ်။ အဲ့ရောဂါပျောက်အောင် Hailey ဟာ အနီဒကပ်ကြည့်ရှူ့စောင့်ရှောက်ပေးခဲ့ပါတယ်။ 

အဲ့နောက်မှပြန်သက်သာလာပြီး ခုရက်ပိုင်းတွေမှာ သူစိတ်တွေဟာ ထိုင်မှိုင်းကာ မြို့ပေါ်ကို တစ်ယောက်ထဲ ထွက်လာလေ့ရှိပါတယ်။ သတင်းသမားတွေကတော့ သူတို့နှစ်ယောက်ဟာ ဘယ်လိုတွေဖြစ်နေပါစေ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ချစ်တာကတော့ အမှန်တရားပါပဲ။ အဲ့လိုတွေမှန်တယ်ဆိုတာကိုတော့ JB တစ်ယောက်ဟာ Instagram ပေါ်မှာ သက်သေပြခဲ့ပါတယ်။ သူတို့နှစ်ယောက် ကြည်နူးကျီစယ်နေတဲ့ Video ကိုတင်ခဲ့တာပဲဖြစ်ကာ ပရိသတ်ကြီး အတွက်ပြန်လည် မျှဝေပေးလိုက်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။