အဆိုတော်ပိုပိုတစ်ယောက် NCAC အနုပညာကျောင်းရဲ့ ကျောင်းသြင်္ကန်ပွဲမှာ ကျောင်း သားကျောင်းသူတွေနဲ့အတူ တပျော်တပါးကြီးဖျော်ဖြေခဲ့တာပဲဖြစ်ပါတယ်။ ကောင်လေးတွေ မကြာခဏ ချစ်စနိုးနဲ့နမ်းတာခံရတဲ့ အပျိုကြီးမမတစ်ယောက်လည်းဖြစ်ပါတယ်။ ချစ်စရာ ကောင်းတဲ့ အပျိုကြီးက ပျော်ပျော်နေတတ်ပြီး သီချင်းကောင်းလေးတွေကိုလည်း ဖန်တီးသီဆို တတ်သူတစ်ယောက်ပါပဲ။ အောင်မြင်တဲ့အဆိုတော်အဖြစ်နဲ့ ဂီတလမ်းကြောင်းပေါ်မှာ ရပ် တည်ခဲ့ပြီးသီချင်းခွေတွေလည်းထွက်ရှိခဲ့ပါသေးတယ်။

" ရှပ်ဖိုးချစ်သူ " ဆိုတဲ့ဇာတ်လမ်းတွဲလေးမှာလည်း သူမက ပါဝင်သရုပ်ဆောင်ခဲ့ပါသေး တယ်။ သံစဉ်တွေနဲ့ နှလုံးသားတွေကိုသိမ်းပိုက်ပြီး နောက်ထပ် အမူအရာတွေနဲ့ပါ ခြွေယူ တော့မယ်ထင်ပါရဲ့ ပရိသတ်ကြီးရေ။ လက်ရှိအချိန်ထိ ဘဝကိုတစ်ကိုယ်တည်း အေးအေး လူလူဖြတ်သန်း ခဲ့ပြီး ပရိသတ်တွေကို သူမရဲ့မိသားစုဝင်တွေလို သဘောထားတယ်လို့ ဆိုပါ တယ်။ အလှူအတန်းတွေလည်းလုပ်တတ်ပြီး ဘုရားတရား ကိုင်းရှိုင်း သူတစ်ယောက် လည်း ဖြစ်ပါတယ်။

အနုပညာတက္ကသိုလ်မှာ သူမရဲ့အသစ်စက်စက်သီချင်းလေးဖြစ်တဲ့ " ပိတောက်တစ်ခက်နဲ့ ရေတစ်ခွက် " သီချင်းလေးနဲ့ဖျော်ဖြေခဲ့တာပဲဖြစ်ပါ တယ်။ ဒီသီချင်းလေးဟာတော့ ဒီနေ့မှာ MTV အဖြစ်နဲ့ ပရိသတ်တွေဆီရောက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ ပိုပို တစ်ယောက် သူမရဲ့ပရိသတ်တွေနဲ့အမြဲတမ်း တစ်သားတည်းရှိနေပုံလေးက ကြည်နူးစရာ ပါပဲ။

Photo - ပိုပို

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။