ONE ဝိတ်တန်းနှစ်ခုချန်ပီယံ အောင်လအန်ဆန်က မတ်လ ၃၁ ရက်တွင် ဂျပန်နိုင်ငံတွင် ယှဉ်ပြိုင်ရမည့် မစ်ဒယ်ဝိတ်တန်းကာကွယ်ပြိုင်ပွဲတွင် ဂျပန်နိုင်ငံသား ခန်ဟဆဲဂါဝါကို အနိုင်ယူပြီး ချန်ပီယံဆုကာကွယ်နိုင်ရန် အပြင်းအထန်လေ့ကျင့်နေတာပဲ ဖြစ်ပါတယ်။ အောင်လအန်ဆန်ဟာ ယခင် MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲအဖြစ် ကန်ယက်ဆီဂါဝါနှင့်ရန်ကုန်မြို့တွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့ဖူးပြီး အဆိုပါပွဲတွင် အောင်လအန်ဆန်ကနောက်ဆုံးအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

အောင်လအန်ဆန်ဟာ ONE CHAMPIONSHIP မှ ကြီးမှူးကျင်းပနေတဲ့ ပြိုင်ပွဲတွင် မစ်ဒယ်ဝိတ်တန်းနှင့်လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုရရှိထားသူဖြစ်ပြီး ၎င်းအနေဖြင့် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲများသာ ယှဉ်ပြိုင်ခွင့်ရထားကာ လိုက်ဟဲဗီးဝိတ်တန်းအတွက် ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိသေးတာပဲ ဖြစ်ပါတယ်။ 

အောင်လအန်ဆန်ဟာ မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲများတွင် ဟဆဲဂါဝါ(ဂျပန်)နှင့် ကရာကီ ( လက်ဘနွန်) တို့ကိုအလဲထိုးအနိုင်ယူထားပြီး ယခုပွဲဟာ တတိယမြောက်ပွဲလည်း ဖြစ်ပါတယ်။

Source - Aung La Nsang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။