Myanmarn Idol Season 2 သီချင်းဆိုပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိလာခဲ့တဲ့ အဆိုတော်ဆိုဖီယာကို အထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်။ "Crush On You" ဆိုတဲ့ တစ်ကိုယ်တော်အခွေလေးလည်း ထွက်ရှိထားပြီး ပရိသတ်အများက တစ်ခဲနက်ဝန်းရံအားပေးကြတာဖြစ်ပါတယ်။ ဆိုဖီယာက သီချင်းသစ်လေးတွေလည်း ထပ်မံဖန်တီးနေတာဖြစ်ပြီး အနုပညာလောကမှာ သရုပ်ဆောင် အနေနဲ့ ဇာတ်ကားတွေရိုက်ကူးထားပါတယ်။

ချစ်သူချောချောလေးကိုပိုင်ဆိုင်ထားပြီး သာယာအေးချမ်းတဲ့ဘဝလေးကိုနှစ်ယောက်သားတည်ဆောက်နေတာပဲဖြစ်ပါတယ်။ သူမရဲ့လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ သီချင်းအသစ်တွေကိုဆက်လက်ဖန်တီးနေတာဖြစ်ပြီး photo shooting တွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။ "ယာယီ"ဆိုတဲ့ သီချင်းလေးမှာလည်း ပါဝင်အားဖြည့်ကူညီထားကြောင်း ထုတ်ဖော်ပြသထားတာဖြစ်ပါတယ်...။ Profile cover လေးလည်းချိန်းပေးသွားမှာဖြစ်ပြီး ဆက်လက်အားပေးဖို့ အသိပေးအကြောင်းကြားထားတာကို တွေ့မြင်ရမှာပါ....။

ဆိုဖီယာဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှာမှု၊ အနုပညားလှုပ်ရှားမှုအမျိုးမျိုးကိုအစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ကားစီးနေရင်း လွမ်းဆွတ်သတိရနေတဲ့ ပရိသတ်ကြီးအတွက် အလွမ်းပြေဗီဒီယိုလေးတစ်ခုကိုမျှဝေပေးထားတာကို မြင်တွေ့ရမှာပါ...။ သူမရဲ့ official facebook acc တွင် "တော်ပြီ ဆံပင် ပြန်ဆိုးမယ်" ဆိုတဲ့ status လေးနဲ့တကွ ရေးသားတင်ဆက်ထားတာဖြစ်ပြီး ပုံရိပ်လေးနဲ့တကွ ဗီဒီယိုဖိုင်အပြည့်အစုံကိုပြန်လည်မျှဝေပေးလိုက်ပါတယ်.....။

Source Sophia Everest Aurora

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။