သာမာန်လူတွေနဲ့မတူပဲ ထူးထူးဆန်းဆန်းနဲ့ ဘဝကို ဖြတ်သန်းနေရသူတွေကတော့ ပြည်တွင်းနေရာအနှံ့အပြားမှာ နေ့စဉ်တွေ့မြင်နေရတာကို အားလုံးသိမယ်ထင်ပါတယ်။ မွေးရာပါ ရောဂါဝေဒနာဆိုးကြီးတွေကို ခံစားနေရသူတွေနဲ့ သူမတူတဲ့ ပုံစံတွေကို ပိုင်ဆိုင်ထားရသူတွေကတော့ များစွာရှိနေပါတယ်။ အဆိုပါ မွေးရာပါ ဖြစ်ရပ်တွေထဲမှာ အသက် ၆၀ အဖွားအိုတစ်ဦးကဲ့သို့ ဖြစ်နေတဲ့ ကလေးငယ်တစ်ဦးရဲ့ ပုံရိပ်တွေကတော့ ပရိသတ်တွေကြားမှာရေပန်းစားလျှက်ရှိတာတွေ့ရပါတယ်။  

အဆိုပါ ကလေးငယ်လေးကတော့ ရှမ်းပြည်နယ်တောင်ပိုင်း လဲ့ချားမြို့ ဆလိုင်းခုံရွာမှ ၉ နှစ်အရွယ်ကလေးငယ်လေးတစ်ယောက်ပဲဖြစ်ပါတယ်။ အဖ ဦးစိုင်းဝိနဲ့ အမိဒေါ်နန်းအွန်တို့က မွေးဖွားထားသူတစ်ယောက်ဖြစ်ပြီး မွေးရာပါ ရုပ်ရည်ကတော့ အသက် ၆၀ နီးပါးရှိနေတဲ့ အဘွားအိုတစ်ဦးကဲ့သို့ ဖြစ်ပေါ်နေတာပဲဖြစ်ပါတယ်။  

ဒေသခံတွေကြားမှာ ရေပန်းစားနေတဲ့ အဆိုပါ ကလေးမလေးရဲ့ ပုံရိပ်တွေကတော့ လက်ရှိ ပရိသတ်တွေကြားမှာပါ ရေပန်းစားလာခဲ့တာပဲဖြစ်ပါတယ်။ မွေးရာပါ ဝေဒနာတစ်ခုကဲ့သို့ ခံစားနေရတဲ့ အဆိုပါ ၉နှစ်အရွယ်ကလေးမလေးရဲ့ ပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

PHOTOS - NAM THAUNG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။