လာမည့်နှစ်နှစ်အတွင်း MMA(ONE Championahip) ဝိတ်တန်းရဲ့ကမ္ဘာ့ချန်ပီယံခါးပတ်ကို အရယူမည်ဖြစ်ကြောင်း ချင်းတိုင်းရင်းသားထီရယ်ထန်က ကြုံးဝါးလိုက်တာပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ရက်က ကျင်းပခဲ့တဲ့ပြိုင်ပွဲတွင်လည်း ထီရယ်ထန်ဟာ ကမ္ဘောဒီးယားကစားသမား ရင်းဆိုရာကိုသုံးချီအထိအကြိတ်အနယ်ယှဉ်ပြိုင်ပြီးအမှတ်ဖြင့် အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ 

အသက်၂၅နှစ်အရွယ်ထီရယ်ထန်ဟာ ယခင်က အမေရိကန်ဒေသတွင်း MMA ပြိုင်ပွဲများယှဉ်ပြိုင်ပြီး ယခုပွဲစဉ်မှစပြီး ONE CHAMPIONSHIP နှင့်ပထမဆုံးစာချုပ်ချုပ်ဆိုကာ မြန်မာနိုင်ငံသို့လာရောက်ယှဉ်ပြိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ပထမဆုံးယှဉ်ပြိုင်တဲ့ပွဲစဉ်လေးမှာပဲ နိုင်ပွဲနဲ့စတင်ခဲ့တာပဲ ဖြစ်ပါတယ်။ 

ထီရယ်ထန်ဟာ လက်ရှိအချိန်မှာတော့မိသားစုရှိသည့် ချင်းပြည်နယ်သို့သွားရောက်လည်ပတ်နေပြီး မတ်လတတိယပတ်တွင် အမေရိကန်သို့ပြန်လည်ထွက်ခွာမှာပဲ ဖြစ်ပါတယ်။ ထီရယ်ထန်ဟာ ဝိတ်တန်းချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်နှင့်အတူ အမေရိကန်နိုင်ငံ ဖလော်ရီဒါရှိ Hard Rockn လေ့ကျင့်ရေးစင်တာတွင် ယခုပြိုင်ပွဲမတိုင်မီ လေ့ကျင့်ပြင်ဆင်ခဲ့တာပဲဖြစ်ပါတယ်။

Source - Tial Thang

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။