Selena Gomez ဟာဆိုရင် အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ပဲဖြစ်ကာ သိပ်မကြာသေးခင်ကမှ သီချင်းပြန်လည်ထွက်ရှိထားတာဖြစ်ပါတယ်။ သူရဲ့ကျန်းမားရေးအခြေအနေကြောင့်ရော သူရဲ့သူငယ်ချင်းမင်္ဂလာဆောင်နဲ့ တခြားသော ခရီးထွက်နေခဲ့တာတွေကြောင့် သူမဟာ သီချင်းတွေမလုပ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့လဲ့ မကြာသေးခင်ကမှ သူမဟာ သီချင်းအသစ်တစ်ပုဒ်ကို တခြားအဆိုတော်တွေနဲ့ထွက်ရှိခဲ့ပါတယ်။ 

သူမအသက်ဟာ ၂၆နှစ်ရှိပြီဖြစ်ကာ တနင်္လာနေ့က သူမ Instagram ပေါ်ကို ဗီဒီယိုတင်ခဲ့ပါတယ်။ သူမဟာ ရည်စားဟောင်းဖြစ်သူ Justin Bieber ရဲ့ မင်္ဂလာဆောင်ပြီးကတည်းက ဘယ်သီချင်းခွေမှာ မထုတ်ရသေးပါဘူး။ အာ့ကြောင့်သူမဟာ ခုချိန်မှာဆိုရင်တော့ဖြင့် Albumထုတ်ဖို့ ပြင်ဆင်တဲ့အနေနဲ့ video တင်ခဲ့တာဖြစ်ပါတယ်။ သူမဟာ ခုထွက်ရှိလာမဲ့ Album မှာ သူရဲ့အရင် ချစ်သူဖြစ်သူ Justin Bieber နဲ့ပတ်သတ်ပြီး ဆိုအုန်းမလား။ 

သူမနောက်ဆုံးထွက်ရှိထားတဲ့ သီချင်းကတော့ " I Can't Get Enough " ပဲဖြစ်ပါတယ်။ အဲ့သီချင်းဟာဆိုရင် သူမရဲ့ စက်တင်ဘာလ ၂၀၁၈ခုနှစ်မှာ Taki Taki သီချင်းထွက်ပြီးနောက်မှ ပြန်လည်ထွက်ရှိလာတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ သူဟာအဲ့သီချင်းကို J Balvin, benny blanco နဲ့ Tainy တို့နဲ့အတူ ပေါင်းစည်းသီဆိုထားတာဖြစ်ပါတယ်။ သီချင်းတွေကိုတော့ ဒီဇင်ဘာလထဲမှာ ပြန်လည်ဦဆိုထားခဲ့တာဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။