ပရိသတ်တွေရဲ့အချစ်တော် ကလေးသရုပ်ဆောင်လေးဖြစ်တဲ့ ထိပ်ထားသခင်ကတော့ တစ်နေ့တစ်ခြား ပိုတိုးလို့ချစ်ဖို့ကောင်းလာတာ တွေ့ရပါတယ်။ ကလေးလေးဆိုပေမယ့် အရွယ်နဲ့မလိုက်အောင် ရဲရင့်ပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိတဲ့ ထိပ်ထားလေးက အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ရရှိထားတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် ထိပ်ထားလေးက ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာပါ သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

အခုတော့ ထိပ်ထားလေးတို့မိသားစုလေးက ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ကို အလည်အပတ် ခရီးထွက်ရင်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။ ဖေဖေ၊မေမေတို့နဲ့အတူ တစ်ပျော်တစ်ပါးကြီး ခရီးထွက်ရလို့ လွတ်လပ်ပျော်ရွှင်နေတဲ့ ထိပ်ထားလေးက ဘန်ကောက်မှာ နေရာအနှံ့ လျှောက်လည်နေတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ထိပ်ထားလေးက ဘန်ကောက်ရဲ့နာမည်ကြီးနေရာတစ်ခုဖြစ်တဲ့ Siam Park ကို မိသားစုနဲ့ သွားရောက်လည်ပတ်ခဲ့ပါတယ်။

အခုလည်း ထိပ်ထားလေးက "Siam Park မှာ အရမ်းပျော်စရာကောင်းတယ်" ဆိုပြီး အရမ်းကို ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ပေးထားတာ ဖြစ်ပါတယ်။ ထိပ်ထားလေးရဲ့ အသည်းယားစဖွယ် အမူအရာနဲ့ ပုံလေးတွေကတော့ တကယ့်ကို အပြစ်ကင်းစင်ပြီး မြင်သူတိုင်းကို ချစ်မဝဖြစ်စေနိုင်တာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ထိပ်ထားလေးရဲ့ ဘန်ကောက်ရောက် ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:ထိပ်ထားသခင်;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။