ဒီဖြစ်ရပ်လေးကတော့ မလေးရှားနိုင်ငံတောင်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုပဲဖြစ်ပါတယ်။

ဖြစ်ပွားခဲ့ပုံကတော့ ၎င်းအရပ်ဒေသမှာနေထိုင်တဲ့ အသက် ၆၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Ibrahim Basir ဆိုတဲ့လယ်သမားတစ်ဦးဟာ Nibbles လို့အမည်ပေးထားတဲ့ ဆိတ်လေးတစ်ကောင်ကို မွေးထားခဲ့ပါတယ်။

၎င်းလယ်သမားကြီးမှာတော့ Janice Gilbert လို့ခေါ်တဲ့ သမီးတစ်ယောက်ရှိပြီး သူမဟာ အိမ်ထောင်သည်အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။  

အဲ့ဒီနောက်မှာတော့ ၎င်းအမျိုးသမီးဟာ ကိုယ်ဝန်ရရှိခဲ့ပြီး လူတစ်ပိုင်းဆိတ်တစ်ပိုင်းကလေးကို မွေးဖွားခဲ့တယ်ဆိုတဲ့ သတင်းဟာ သူမနေထိုင်ရာနယ်တဝိုက်မှာပျံ့နှံ့လာခဲ့ပါတယ်။

သတင်းတပုဒ်အရတော့ ၎င်းအမျိုးသမီးဟာ သူမရရှိထားတဲ့ ခင်ပွန်းနဲ့ ကလေးမရရှိနိုင်တာကြောင့် အဖေမွေးထားတဲ့ ဆိတ်နဲ့ ကိုယ်ဝန်ရခဲ့တာဖြစ်တယ်လို့ ဖော်ပြခဲ့တာတွေ့ရပါတယ်။

ယောကျာ်းနဲ့က ရင်သွေးမရရနိုင်တဲ့အတွက် ဒီဆိတ်ကသာ သူမရဲ့ရင်သွေးရရှိဖို့ မျှော်လင့်ချက်တစ်ခုဖြစ်ကြောင်း ပြောကြားထားတာတွေ့ရပါတယ်။  

ဒါ့အပြင် သူမမွေးဖွားခဲ့တယ်လို့ဆိုတဲ့ လူတပိုင်းဆိတ်တပိုင်းကလေး ရဲ့ ပုံရိပ်တွေ လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာတဲ့အခါမှာဆိုရင်လည်း အင်တာနက်သုံးစွဲသူတွေဟာ အရမ်းအံ့သြခဲ့ရသလို ဒါဟာအင်မတန်ဆန်းကြယ်လှတဲ့ ဖြစ်ရပ်တစ်ခုဖြစ်တယ်ဆိုပြီး sharing လုပ်ခဲ့ကြတာတွေ့ရပါတယ်။

သို့ပေမယ့် ဒီပုံလေးတွေ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့လာပြီး သိပ်မကြာခင်မှာတော့ နောက်ထပ် သတင်းအရင်းအမြစ်တခုဟာ ဒီဖြစ်ရပ်က အမှန်တကယ်မဟုတ်ဘူးဆိုပြီး ထပ်မံရေးသားခဲ့တာတွေ့ရပါတယ်။

တချို့သောသူတွေကတော့ ဒဏ္ဍာရီတွေထဲမှာ ဒီလိုဖြစ်ရပ်မျိုးတွေဖြစ်ပေါ်ခဲ့ဖူးတယ်ဆိုပြီး ပြောကြားနေကြတာတွေ့ရပါတယ်။

source - viral

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။