အနုပညာလောကသားတော်တော်များများဟာ တစ်ယောက်နဲ့တစ်ယောက် စည်းလုံးပြီး သံယောဇဉ်ရှိကြပါတယ်။ ဒီနေ့မှာတော့ မြင့်မြတ် တစ်ယောက် အနုပညာလောကမှာ သိပ်မတွေ့ရတော့တဲ့ ဟဲဗီးဖြိုးကို သတိတရနဲ့ စာလေးရေးသားလိုက်တာပဲဖြစ်ပါတယ်။ ငယ်ငယ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ်နဲ့ ပရိသတ်တွေချစ်ခင်အားပေးခဲ့ရတဲ့ ဟဲဗီးဖြိုးတစ်ယောက် နောက်ပိုင်းဇာတ်ကားတွေမှာသိပ်မတွေ့ရတော့ပဲ ပရိသတ်တွေနဲ့ အဆက်ပြတ်သလိုဖြစ်နေတာပဲဖြစ်ပါတယ်။

" ကျွန်မက နှင်းဆီပါမောင် " ဇာတ်ကားမှာ ယွန်းယွန်းနဲ့အတူတူသရုပ်ဆောင်ပြီး နောက် ပိုင်း ဇာတ်လမ်းတွဲတစ်ချို့မှာပါဝင်သရုပ်ဆောင်ခဲ့ပါသေး တယ်။ ဒီနောက်မှာတော့ သိပ်မ တွေ့ရတော့ပဲ ပရိသတ်တွေရှေ့က အချိန်တစ်ခုထိ အနည်းငယ်ပျောက်နေတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်လည်း ကောင်း ပရိသတ်တွေကလည်းချစ်ခင်အားပေးတဲ့ အရည်အချင်းပြည့်ဝ တဲ့ အနုပညာရှင်ဖြစ်တာမို့ အားလုံးကလည်း ပိတ်ကားပေါ် ပြန်လည် ရောက်ရှိလာမယ့် ဟဲဗီးဖြိုးရဲ့ ရွှေရောင်နေ့ရက်တွေကို ပြန်လည်မျှော်လင့်နေကြတာပဲဖြစ်ပါတယ်။

ဟဲဗီးဖြိုးတင်ထားတဲ့ Video လေးကို share ပြီး " အနုပညာလောကထဲမှာ ပြန်မြင်ချင်ပါတယ် ငယ်ငယ်လေးကတည်းက သရုပ်ေ်ဆာင်ကောင်းတဲ့ ညီလေးဟဲဗီးဖြိုးရေ ဖိုက်တင်း " ဆိုပြီး မြင့်မြတ်တစ်ယောက် ဟဲဗီးဖြိုးအပေါ်ထားတဲ့ သူ့ရဲ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလိုက် တာပဲဖြစ်ပါတယ်။ ဟန်ဆောင်မှုမရှိတဲ့ သဘာဝမင်းသားလည်းဖြစ် စိတ်ဓာတ်လေးက လည်း ကောင်းတာမို့ ပရိသတ်တွေရဲ့အချစ်တော်ဖြစ်လို့နေတာတော့ မဆန်းပါဘူးနော်။

Photo - Myint Myat / ဟဲဗီးဖြိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။