ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့ ပြည်သူ့အချစ်တော်လေး ယွန်းဝတီလွင်မိုးကတော့ ပရိသတ်တွေရဲ့အချစ်တွေအပြင် သာယာပျော်ရွှင်တဲ့မိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူလေးပဲ ဖြစ်ပါတယ်နော်..။

ယွန်းဝတီလွင်မိုးကတော့ ငယ်စဉ်ကလေးဘဝကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝရရှိထားပြီး လတ်တလောမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေသူမို့ ပရိသတ်တွေကလည်း အမြဲအချစ်ပိုနေရသူလေးပဲဖြစ်ပါတယ်နော်..။

ယွန်းဝတီလွင်မိုးရဲ့ ချစ်စရာကောင်းလွန်းတဲ့ သားချောလေး Liam လေးကလည်း ပရိသတ်တွေရဲ့မျက်စိရှေ့မှာပဲ တဖြည်းဖြည်းအရွယ်ရောက်လာပြီး ချစ်စရာကောင်းလွန်းတာမို့ ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူထားသူလေးပါပဲနော်..။

ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ သူမကတော့ လတ်တလောမှာတော့ သားလေးနဲ့ ခဏခွဲကာ ခင်ပွန်းဖြစ်သူထက်ဦးလှိုင်နဲ့အတူ သြစတေးလျနိုင်ငံမှာ ကျောင်းတတ်နေပါပြီနော်..။

ပရိသတ်တွေရဲ့ အချစ်တော်လေး ယွန်းဝတီလေးကတော့ နိုင်ငံခြားမှာ ကျောင်းတတ်နေရင်း သားလေးကို လွမ်းနေသလို သားလေးရဲ့ကျန်းမာရေးလေးကိုလည်း စိတ်ပူနေရှာပါတယ်နော်..။

သားလေးကို လွမ်းနေတဲ့အကြောင်းလေးကိုလည်း သားလေးကို လွမ်းပြီး ရာသီဥတုအပြောင်းအလဲမှာ သားလေးနေမကောင်းမှာ စိုးရိမ်နေသလို သားလေးရဲ့ ဖွားဖွားမေသူက အချိန်ပြည့်ဂရုစိုက်ပေးလို့ စိတ်သက်သာရတယ် ဆိုပြီး ယွန်းလေးက သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာပဲ ဖြစ်ပါတယ်နော်..။

Photo - ယွန်းဝတီလွင်မိုး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။