အနုပညာရှင်တွေထဲမှာ ကလေးတွေကို အချိန်ပေးဆုံးမိခင်ကတော့ Angelina Jolie ဖြစ်မယ်လို့ထင်ပါတယ်။ သူဟာ ခဏခဏဆိုသလို ကလေးတွေနဲ့ ဈေးဝယ်ထွက်လိုက် ရုပ်ရှင်ကားလိုက်ပြလိုက်နဲ့ သူရဲ့ကလေးတွေကို အချိန်ပေးနေတာပဲဖြစ်ပါတယ်။ ကလေးတွေအကုန်မဟုတ်ရင်တောင် ၂ယောက် ၃ယောက်လောက်ကိုခေါ်ပြီး မြို့ကိုပတ်လေ့ရှိပါတယ်။ ခုဆိုရင် သူမဟာ ကလေး၄ယောက်ကိုခေါ်ပြီး ရုပ်ရှင်ပြပွဲကိုခေါ်သွားပါတယ်။  

အသက် ၄၃နှစ်ရှိပြီဖြစ်တဲ့ Jolie ဟာ တနင်္လာနေ့က သူရဲ့ကလေးတွေနဲ့အတူ Dumbo ရဲ့ပွဲဦးထွက်ပွဲကို သွားရောက်ပြသခဲ့ပါတယ်။ အဲ့ပွဲ့ကို Jolie ဟာ သူရဲ့အငယ်ဆုံးကလေး၄ယောက်ဖြစ်တဲ့ Shiloh နဲ့ Zahara Jolie-Pitt နဲ့ အမြွှားနှစ်ယောက်ဖြစ်ကြတဲ့ Vivienne နဲ့ Knox တို့နဲ့အတူ တက်ရောက်ခဲ့တာပဲဖြစ်ပါတယ်။ Jolie ဟာစိတ်ချမ်းသာနေသလို ကလေးတွေဟာလဲ ပျော်ရွှင်နေကြပါတယ်။ 

Angelina ဟာ Brad Pitt နဲ့ ၂၀၁၄ခုနှစ်မှာ လက်ထပ်ခဲ့တာဖြစ်ပြီး သူတို့နှစ်ယောက်ဟာ ၂၀၀၅ခုနှစ်တုန်းက ရုပ်ရှင်ကာတစ်ကားရိုက်ရင် ချစ်ကြိုက်သွားကြတာဖြစ်ပါတယ်။ Jolie ဟာ ၂၀၁၄ ခုနှစ်တုန်းက Diseny ရိုက်တဲ့ကားဖြစ်တဲ့ Maleficent ကားမှာ အဓိကပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ဒီနှစ် အောက်တိုဘာလမှာဆိုရင်တော့ သူမဟာ Maleficent: Mistress of Evil ဆိုတဲ့ကားနဲ့ တစ်ခေါက်ပြန်လာမှာဖြစ်ပါတယ်။ ပရိသတ်ကြီး စောင့်မျှော်ရှူစားလိုက်ပါအုန်း.....။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။