ချစ်ပရိတ်သတ်ကြီးရေ.... ဟင်းသီးဟင်းရွက်တွေ သစ်ဥသစ်ဖုတွေဆိုတာက ကျန်းမာရေးအတွက် အရမ်းကောင်းတယ်ဆိုပြီး လူတွေကလက်ခံထားသလို WHOကလည်းကြောငြာထားပြီးသားမို့ အားလုံး သိပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့ အသီးအရွက်တွေလည်းရှိတယ်ဗျ။ အာနိသင်ကြောင့် ကျန်းမာရေးထိခိုက်တာတော့မဟုတ်ဘူးဗျ။ အဓိကက ကုန်ဈေးနှုန်းကြောင့်ပါပဲ။ကုန်ဈေးနှုန်းကြားရုံနဲ့တင် "တော်...တော်...တော်..."ဆိုပြီးဖြစ်သွားရလောက်အောင်ကိုဈေးတွေကခေါင်ခိုက်နေလို့ပါ။ ဒီနေ့မှာတော့ အဲ့လိုဈေးကြီးပါတယ်ဆိုတဲ့ သစ်သီးတွေထဲက ကမ္ဘာဈေးအကြီးဆုံး သစ်သီးတစ်မျိုးအကြောင်းကို ပြောပြမှာပဲဖြစ်ပါတယ်။

အခြေခံလူတန်းစားတွေ အနားကပ်ခွင့်မရှိတဲ့ ဒီအသီးအခြေတည်လာခဲ့တဲ့နေရာကတော့ ဂျပန်နိုင်ငံ Yubariမြို့ ကပဲဖြစ်ပါတယ်။ ဒါကြောင့် Yubari King Melonလို့ အမည်နာမ တွင်နေရတယ်ဆိုရင်လည်းမမှားပါဘူး။ ဒီသစ်သီးဟာ ဘာလို့ အဲ့လောက်ထိဈေးကြီးနေရတာလဲဆိုရင် သူက limited နဲ့သာ ထုတ်တဲ့အသီးလည်းဖြစ်သလို တစ်ပင်မှာသုံးလုံး ခန့်သာသီးတဲ့အသီးလည်းဖြစ်ပါတယ်။ပြီးတော့ ဒီအပင်တွေကို Green Houseထဲမှာစိုက်ပြီး ပိုးမွေးတယ်ဆိုတာထက်ကိုပိုပြီး အသေးစိတ်ကျကျစိုက်ပျိုးထားခဲ့ရပါတယ်။ ဘာလို့ Green Houseထဲမှာ စိုက်ရလဲဆိုရင် နေရောင်ရဲ့ ပူပြင်းမှုကို ကာကွယ်နိုင်အောင်လို့ပါတဲ့။

ဒါတင်မကသေးပါဘူး ကျွေးတဲ့မြေသြဇာကအစ ဂရုတစိုက်နဲ့ သင့်တင့်တဲ့ကိုယ်ပိုင်ဓာတ်မြေသြဇာတွေကို စနစ်တကျ ကျွေးရပြီးတော့ ခေတ်မှီ ကွန်ပြူတာ စက်ပစ္စည်း တွေနဲ့ စောင့်ရှောက်မှုတွေပြုလုပ်ပေးရပါတယ်။ ဒီ Yubari Kingဟာ စားလိုက်ရတာနဲ့ ဆွေမျိုးမေ့သွားရလောက်အောင်ကို ချိုစိမ့်နေပြီးတော့ အရသာဟာ စွဲမက်ဖွယ်ရာကောင်းလွန်းလို့ တကယ့် ဒိတ်ဒိတ်ကြဲကြဲ လူကုန်ထံတွေဆိုရင် တစ်လကို အလုံး (၂၀)လောက် Orderမှာပြီးတော့ကိုဝယ်စားကြသတဲ့။ တော်တော်ဖြုန်းနိုင်တဲ့လူတွေပါပဲ။ ဒီYubariရဲ့ဈေးနှုန်းဟာ အမေရိကန် ဒေါ်လာ တစ်သောင်း ဝန်းကျင်ရှိပြီးတော့ မြန်မာငွေနဲ့ဆိုရင် သိန်း(၁၅၀)လောက်ရှိပါသတဲ့နော်။

Source : Yubari King Melon

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။