ပရိသတ်တွေရဲ့ အသည်းကျော်လေး ခင်ဝင့်ဝါကတော့ အနုပညာလောကမှာ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေကိုပါ အခိုင်အမာရရှိထားသူလေးပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးဖြစ်သလို အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေသလို အခမ်းအနားပွဲတော်တော်များများကိုလည်း တက်ရောက်ဖြစ်နေတာ တွေ့ရပါတယ်..။

ပရိသတ်အချစ်တော်လေး ခေးလေးကတော့ ဖေဖော်ဝါရီ(၂၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ သူဖူးစံနဲ့ ထိုက်ဆုဝင်းတို့ရဲ့ ခမ်းနားကြီးကျယ်တဲ့ မင်္ဂလာဧည့်ခံပွဲလေးကိုလည်း ချစ်စရာကောင်းစွာ လှသွေးကြွယ်မှုတွေနဲ့ တက်ရောက်ခဲ့ပြန်တာ တွေ့ရပါတယ်..။

ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေနဲ့ အမြဲဖမ်းစားတတ်တဲ့ ခေးလေးကတော့ အခုတစ်ခါမှာလည်း ချစ်စရာကောင်းပြီး မဟာဆန်လွန်းတဲ့ ပုံရိပ်လေးတွေနဲ့ ချစ်ပရိသတ်တွေကို ထပ်မံညို့ယူဖမ်းစားလိုက်ပြန်ပါတယ်နော်..။

မြန်မာဆန်ဆန်ဖက်ရှင်လေးနဲ့ ကျက်သရေရှိစွာ ကျော့ရှင်းလှပနေတဲ့ ခေးလေးကတော့ သူမအကောင်းဆုံးကြိုးစားသရုပ်ဆောင်ထားတဲ့ “လှပ်၍လွင့်သော” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကိုလည်း တတ်ရောက်လာခဲ့တာ ဖြစ်ပါတယ်နော်..။

မြင်သူတကာ ရင်အေးစေတဲ့ အေးချမ်းတဲ့ အလှတရားလေးနဲ့ ရိုးရိုးယဉ်ယဉ်လေး မြင်တွေ့ရပြီး သူမရဲ့ချစ်စရာ ဗီဒီယိုဖိုင်လေးကိုလည်း အားလုံးက သဘောကျအချစ်ပိုနေကြမှာ အသေအချာပါပဲနော်..။

Photo – Ma Htet

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။