သရုပ်ဆောင်ချောရတနာတစ်ယောက် ခင်ပွန်းဖြစ်သူနဲ့ရွှေလက်တွဲပြီးနောက်မှာတော့ အနုပညာအလုပ်တွေမှာ သိပ်မတွေ့ရတော့ပါဘူး။ အကယ်ဒမီ ဆုကြီးကို ထိုက်ထိုက်တန် တန်ဆွတ်ခူးထားနိုင်ခဲ့ပြီး အနုပညာလောကမှာ အောင်မြင်မှုမှတ်တိုင်တစ်ခုကို အောင် အောင်မြင်မြင်စိုက်ထူထားနိုင်ခဲ့ ပါတယ်။ ပျော်ရွှင်စရာမိသားစုဘဝလေးကိုတည်ဆောက်ပြီး နောက်ပိုင်း ချစ်စဖွယ်သားနဲ့သမီးလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ သမီးလေးဟာ လည်း ဒီကနေ့မှာ အသက်တစ်နှစ်ပြည့်မြောက်သွားခဲ့ပြီပဲဖြစ်ပါတယ်။

ပျော်ရွှင်စရာမိသားစုဘဝလေးအတွက် အချိန်တွေအကုန်လုံးပေးပြီးနောက်မှာတော့ သူမ ချစ်တဲ့ အနုပညာအလုပ်တွေမှာ အရင်ကလို သိပ်မတွေ့ရတော့ပါဘူး။ ချစ်ရတဲ့သားနဲ့သမီး လေးနဲ့ အပြုံးတွေ နဲ့ သူမရဲ့နေရက်တွေဟာပြည့်စုံနေခဲ့တာပဲဖြစ်ပါတယ်။ ညီမဖြစ်သူ သန္တာဗိုလ်ကိုအပေါ်မှာလည်း အမကြီးအမိရာပီသစွာနဲ့ ညီမလေးကိုအကောင်းဆုံး ဖြည့်ဆည်းပေးတတ်တဲ့ချစ်စရာကောင်းတဲ့ အမတစ်ယောက် လည်း ဖြစ်ပါတယ်။

သမီးလေးရဲ့မွေးနေ့အလှူပုံရိပ်လေးတွေကို " Co Co လေးတစ်နှစ်ပြည့်ပါပြီ နာမည်အရင်း မပေးရသေးသော သမီးလေး မွေးနေ့အမှတ်တယ မွေးနေ့အလှူ " ဆိုပြီး လူမှုကွန်ယက် မှာ ဝေမျှလိုက်တာပဲဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့သမီးလေး Co Co နောင်နှစ်ပေါင်း များစွာတိုင်အောင် ဖေဖေ မေမေ ကိုကိုတို့နဲ့အတူ ပျော်စရာကောင်းတဲ့မိသားစုဘဝလေးနဲ့ အသက်အရှည်ကြီး အချိန်အကြာကြီးပျော်ရွှင်စွာ နေထိုင်သွားနိုင်ပါစေနော်။

Photo - Chaw Yadanar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။