မအေးသောင်းလို့ချစ်စနိုးနဲ့ခေါ်ကြတဲ့ မင်းသမီးအေးဝတ်ရည်သောင်းဟာဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ သဘာဝကျကျ သရုပ်ဆောင်ပီပြင်စွာ ပါဝင်ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးအနေနဲ့ ရင်သက်ရှုမောဖွယ် တွေ့မြင်ခံစားခဲ့ကြရမှာဖြစ်ပါတယ်။ သူမဟာဆိုရင် မုန်းစွဲရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်းပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး ရင်ခွင်ရှင်းတမ်း ရုပ်သံဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သူမရဲ့သရုပ်ဆောင်ချက်တွေကို ပရိသတ်ကြီးအနေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ မိတ်ကပ်ပညာရှင်တစ်ဦးဖြစ်တဲ့ လင်းလင်းကိုလည်းသိကြမယ်ထင်ပါတယ်နော်...။ သူမဟာဆိုရင် "ကျားကျားကြိုက်ကြိုက်" ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာကိုမြင်တွေ့ရမှာပါ....။ သူမရဲ့ လတ်တလောအနုပညာလှုပ်ရှားမှုတွေဟာဆိုရင်တော့ photo shooting တွေရိုက်ကူးလေ့ရှိပြီး၊ ဖွင့်ပွဲအခမ်းအနားတွေကိုလည်း တက်ရောက်ခဲ့တာဖြစ်ပါတယ်....။ ခရီးသွားဝါသနာပါသူဖြစ်ပြီး ခရီးသွားပုံရိပ်လေးတွေကိုလည်း အမြဲလိုလိုတင်ဆက်ပေးလေ့ရှိတာဖြစ်ပါတယ်...။

လင်းလင်းနဲ့ မအေးသောင်းတို့ဟာဆိုရင်လည်း ချစ်ခင်တဲ့ အနုပညာညီအမတွေပဲဖြစ်ကြပါတယ်....။ အခုတစ်ခါမှာဆိုရင်လည်း မိတ်ကပ်ပညာရှင် လင်းလင်းက ပရိသတ်အချစ်တော်မင်းသမီး မအေးသောင်းကို အလှပြုပြင်ဖန်တီးနေတာကို ပရိသတ်ကြီးတို့အနေနဲ့ ကြည့်ရှုခံစားကြရမှာပါ...။ လင်းလင်းကတော့ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင်လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ သူမတို့နှစ်ယောက်ရိုက်ကူးပုံဖော်ထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို Myanmarload ပရိသတ်ကြီးလည်းကြည့်ရှုခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်....။

Source Lin Linn

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။