အဆက်အနွယ်တွေကြောင့်လား ဟိုမုန်းကြောင့်လား…..ဆိုတာ

ရှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့နယ်ခွဲမှာ ထူးဆန်းတဲ့ မျက်နှာရှိတဲ့ ရှမ်းအမျိုးသမီးတစ်ဦးကို ဘုရားဖူးခရီးသွားတွေက တွေ့ရှိခဲ့ပါတယ်။ ရက်နေ့က ကာလိမြို့နယ်ခွဲရှိ မွေတော်ဟိုလိန်း စေတီတော်ကို သွားရောက်ဖူးမြော်တဲ့လမ်းမှာ မိုင်းဖုံးဆရာတော်ကိုစောင့်နေရင်း မျက်နှာတခုလုံး မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေးတွေ ပြည့်နေတဲ့ အသက် ၄၀ ကျော်အရွယ် အဆိုပါ အမျိုးသမီးကိုတွေ့ခဲ့ရတာပဲဖြစ်ပါတယ်။

“အဒေါ်ကြီးနာမည်က ပါ့(ဒေါ်)နန်းမန့်လို့ ခေါ်တယ်၊ ဝမ့်ဝိန်းရွာကနေ မိုင်းဖုံးဆရာတော်ကို လာဖူးတာတဲ့၊ ဘယ်သူနဲ့မှ မရောဘူး၊ သူ့ဘာသူ နေနေတာ၊ သူ့မျက်နှာက မွေးကတည်းက အဲဒီလို အမွေးတွေ ပေါက်နေတာလို့ ပြောတယ်။ သူတို့မောင်နှမ ၄ ယောက်ရှိတာ သူ့လိုဖြစ်တာက ၂ ယောက်၊ သူ့အစ်ကိုရော သူရော ဖြစ်တယ်၊ သူ့အစ်ကိုကတော့ ဂူထဲဝင်သွားလို့ မတွေ့လိုက်ရဘူးခင်ဗျ။” လို့ စိုင်းနော်ခမ်းစင် ဆိုသူက DVB ကိုပြောခဲ့တယ်လို့ သိရပါတယ်။ ရွာသားတွေကတော့ ဟိုလိန်းစေတီတော်ဟာ ဘုရားလောင်း မျောက်မင်းဘဝက ဓာတ်တော်နဲ့ ဌာပနာထားပြီး ဒေါ်နန်းမန့်တို့ မောင်နှမဟာလည်း ဘုရားလောင်းရဲ့ တပည့်အပေါင်းပါ မျောက်ငါးရာထဲက အဆက်အနွယ် ဝင်စားတယ်လို့ ပြောခဲပပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကွန်ဟိန်းပြည်သူ့ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါက်တာ နန်းကိန်နုမ်ဖောင်ကတော့ “ဟိုမုန်းဓာတ်တွေ မူမမှန်လွန်ကဲရင်လည်း ဖြစ်တတ်တယ််။ ဒါပေမယ့် တွေ့ရခဲတယ်။ အိန္ဒိယနိုင်ငံမှာလည်း ရှိဖူးတယ်။ ကုသလို့ ရ မရတော့ သူတို့ကို သွေးစစ်ကြည့်မှ သိနိုင်မှာပေါ့” လို့ DVB သတင်းဌာန ကိုပြောခဲ့ပါတယ်။

Source: DVB TV News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။