နိုင်ငံကျော် မင်းသမီးတစ်ယောက်ဖြစ်တဲ့ မခိုင်လေးကို ချစ်ပရိသတ်ကြီးအနေနဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ မြန်မာဗီဒီယိုလောက စတင်ပေါ်ပေါက်ကတည်းက သရုပ်ဆောင်ကောင်းခဲ့တာကြောင့်လူကြိုက်များသောမင်းသမီးတစ်ယောက်ဖြစ်ခဲ့ပြီး အခုထိတိုင်အောင်မြင်ကျော်ကြားနေဆဲဖြစ်ပါတယ်။ အကယ်ဒမီဆုရမင်းသမီး တစ်ယောက်ဖြစ်ပြီး ရုပ်ရှင်ကားကြီး ဇတ်ကားပေါင်းများစွာကို ကျရာဇာတ်ရုပ်ကနေ သရုပ်ဆောင်ပြီပြင်အောင်ပါဝင်ရိုက်ကူးခဲ့တာကို ပရိသတ်ကြီးတို့ ရှုမြင်ခံစားခဲ့ကြပြီးပြီဖြစ်မှာပါ။

မင်းသမီးခိုင်သင်းကြည်ဟာဆိုရင် အနုပညာလောက မှာအောင်မြင်စွာလျှောက်လှမ်းနေရုံသာမက ကိုယ်ပိုင်မိသားစုဘဝလေးကိုလည်း မိခင်ကောင်း၊ဇနီးကောင်းပီပီ ရှေ့ဆောင်လမ်းပြဦးဆောင်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပြီး နည်းစနစ်ကျကျနဲ့ လိုလေသေးမရှိ ပြုစုပျိုးထောင်နေတာကိုပရိသတ်တို့အနေနဲ့ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ သမီးလေးဟာဆိုရင်လည်း အမေတူသမီးဖြစ်တဲ့အတွက်ကြောင့် ပွင့်လင်းသဘောကောင်းတဲ့ စိတ်ထားလေးက မျက်နှာအသွင်အပြင်မှာထင်ဟပ်နေတာပဲဖြစ်ပါတယ်။ လတ်တလောမှာတော့ မခိုင်လေးနဲ့ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်တို့က ထိုင်းနိုင်ငံမှာပြုလုပ်ကျင်းပတဲ့ ကမ္ဘာကျော် ထိပ်တန်းအဆိုတော် Maroon 5 ရဲ့ ဂီတဖျော်ဖြေပွဲကြီးကို သွားရောက်အားပေးခဲ့တာဖြစ်ပါတယ်...။

မခိုင်လေးဟာဆိုရင်ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာဖြစ်ပါတယ်...။ အခုတစ်ခါမှာဆိုရင်လည်း ဖျော်ဖြေပွဲကြီး သွားရောက်ကြည့်ရှုပြီးနော် ချစ်ယောက်ျားနဲ့အတူ ပျော်ရွှင်စွာ shopping ထွက်ခဲ့တာကိုကြည့်ရှုခံစားကြရမှာပါ....။ Myanmarload ပရိသတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်....။

Source Khine Thin Kyi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။