ရစ်ရစ်လို့ပရိသတ်အများကချစ်စနိုးနဲ့ခေါ်ကြတဲ့ sexy model နွယ်နွယ်ထွန်းကိုအထူးတလည်မိတ်ဆက်ပေးစရာမလိုဖူးထင်ပါတယ်နော်..။ သူမရဲ့ချစ်ဖို့ကောင်းတဲ့ မျက်နှာထားနဲ့ လူတိုင်းအပေါ်ရိုးသားခင်မင်စွာ ပေါင်းသင်းဆက်ဆံတက်သူဖြစ်ပြီး တိုင်းရင်းသူ၊ တိုင်းရင်းသားတွေအပေါ်မှာလည်း မခွဲခြားဘဲ ဆက်ဆံတက်တဲ့အတွက်ကြောင့်တစ်နေ့ထက်တစ်နေ့ အချစ်တွေပိုလာရတာပါ...။

ခေတ်ရေစီးကြောင်းအလိုက် အတိုအပြတ်တွေဝတ်စားဆင်ယင်တက်ပေမယ့် မြန်မာ့ရိုးရာဝတ်စုံလေးတွေနဲ့လည်း လုံးဝကျက်သရေရှိလိုက်ဖက်တာကိုမြင်တွေ့ရမှာပါ..။ ခရီးသွားဝါသနာပါသူဖြစ်ပြီး စာဖတ်ဝါသနာပါသူတစ်ယောက်ဖြစ်တာမလို့ ပညာရေးကိုလည်းအလေးပေးကြောင်းတွေ့ရှိရမှာပါ။ ရစ်ရစ်ကတော့ အမဖြစ်တဲ့ မော်ဒယ်လ်မိုးမြင့်သဇင်နဲ့အတူ ပရဟိတ လုပ်ငန်းတွေကိုလည်း စိတ်ရောကိုယ်ပါနှစ်ပြီး ကုသိုလ်ယူဒါနပြုခဲ့ကြတာကို မုဒိတာပွားဖွယ်အားပေးကြရမှာပါ...။

ရစ်ရစ်ကတော့ ပရိသတ်ကြီးနဲ့အဆက်အသွယ်မပြတ်ရအောင် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ facebook ပေါ်တွင်သူမရဲ့နေ့စဉ်လှုပ်ရှားမှု၊ အနုပညာလှုပ်ရှားမှုအမျိုးမျိုးကို အစဉ်အမြဲဖော်ပြပေးလေ့ရှိတာကိုမြင်တွေ့ရမှာပါ...။ အခုတစ်ခါမှာဆိုရင်လည်းအမဖြစ်သူနဲ့အတူ ကမ်းခြေတစ်ခုမှာသွားရောက်အပန်းဖြေနေတာလည်းဖြစ်ပါတယ်...။ သူမရဲ့ official facebook acc တွင် "အရင်လို မင်းပို့တဲ့ စာတွေအများကြီး ဖတ်ချင်သေးတယ်" ဆိုတဲ့ status လေးနဲ့အတူ အလှပုံရိပ်လေးတွေနဲ့တကွ ထုတ်ဖော်တင်ဆက်ပြသထားတာကို Myanmarload ပရိသတ်ကြီးလည်းသိရှိခံစားရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်...။

Source Nwe Nwe Tun 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။