ပုရိသတွေကြားမှာ ရေပန်းစားထင်ရှားနေတဲ့ မော်ဒယ်မင်းသမီးတစ်ဦးဖြစ်တဲ့ အပြင် Sexy ကျတဲ့မော်ဒယ်တစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေကြားမှာ တစ်မူထူးခြားပြီးအောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ တက်သစ်စ အနုပညာရှင်တစ်ယောက်ဖြစ်ပေမယ့် သူမရဲ့ ကြိုးစားမှုတွေကြောင့် ပရိသတ်တွေကြားမှာ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး အမာခံပရိသတ်တွေအများအပြားရှိတဲ့ သူတစ်ဦးဖြစ်ပါတယ်။

လူတိုင်းမှာ အခက်အခဲကိုယ်စီရှိကြသလို စူးရှထက်ကလည်း သူမရဲ့ အခက်အခဲတွေကို ဖုံးကွယ်ရင်း အနုပညာအလုပ်ကိုသာအကောင်းဆုံး ကြိုးစား ရပ်တည်နေသူတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေက ချစ်စနိုးနဲ့ ပေပီလို့ ခေါ်တဲ့ သူမက အပြင်ပိုင်းမှာသာ မြန်မာ ပရိသတ်တစ်ချို့ ဝေဖန်ခံရတဲ့ သူတစ်ယောက်ဖြစ်ပေမယ့် အတွင်းစိတ်ကတော့ ထင်မထားလောက်အောင် ဖြူစင်တဲ့ သူတစ်ယောက်ဖြစ်တဲ့ အပြင် မိဘအပေါ်သိတတ်လိမ္မာပြီး ဘာသာ တရား ကိုင်းရှိုင်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

ယခုလည်း သူမအလုပ်တွေ ကြိုးစားနေရတာက သူမ တန်ဖိုးထား လေးစားချစ်ခင်ရတဲ့ မိဘနှစ်ပါးအတွက် ဖြစ်တဲ့ အကြောင်းကို " နေပူဒဏ်လည်းခံနိုင်တယ် အသားတွေလောင်သွားပါစေ မတရားပြောတာတွေလည်းမမုဘူး ဖေတ်ု့ိမေတို့ပေးတဲ့ မေတ္တာတွေနဲ့ အေးအေးချမ်းချမ်း ရှိနေတာမို့ အသက်ရှင်နေသ၍ ကျေးဇူးဆပ်နေပါ့မယ် အဖေနဲ့အမေ" ဆိုပြီး အဖေနဲ့ အမေကို ကန်တော့ရင်း သက်သေပြခဲ့တာဖြစ်ပါတယ်။ မိဘအတွက်ဆိုရင် ဘယ်လောက်ပဲ လူတွေအကောင်းမမြင်ကြပစေ သူမတတ်ကျွမ်းတဲ့ အနုပညာအလုပ်တွေကို အဆုံးထိလုပ်ကိုင်ရင်း ရှာဖွေကျွေးမွေးချင်တဲ့ မိဘအပေါ်သိတတ်တဲ့ စိတ်ထားကတော့ ချီးမွှမ်းဖွယ်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။

Source:Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။