ဒီနေ့မနက်အစောပိုင်းမှာတော့ချန်ပီယံလိဒ်၁၆သင်းရှုံးထွက်အဆင့်ရဲ့ဒုတိယအကျော့ပွဲစဉ်တွေကိုယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ရှုံးထွက်ပွဲစဉ်တွေထဲကပရိသတ်တွေစိတ်ဝင်စားဆုံးဖြစ်တဲ့ အင်္ဂလန်ထိပ်သီးမန်စီးတီးအသင်းနဲ့ရှော်ကေးတို့ပွဲစဉ်မှာတော့ပရိသတ်တွေအံ့သြသွားစေတဲ့သွင်းဂိုးတွေနဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းကရှော်ကေးအသင်းကိုအိမ်ကွင်းမှာ(၇-ဝ)နဲ့အနိုင်ရခဲ့တာဖြစ်ပါတယ်။ပထမအကျော့တွေ့ဆုံခဲ့စဉ်ကရှော်ကေးအိမ်ကွင်းမှာမန်စီးတီးအသင်းကပဲတစ်ယောက်လျော့ရဲ့(၂-၃)ဆိုပြီးအနိုင်ရခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မန်စီးတီးအသင်းဟာနှစ်ကျော့ပေါင်း(၁၀-၂)နဲ့ကွာတားဖိုင်နယ်အဆင့်ကိုတက်ရောက်သွားခဲ့တာဖြစ်ပါတယ်။

ဒီနှစ်ချန်ပီယံလိဒ်မှာတော့မန်စီးတီးအသင်းဟာဂိုးအပြတ်ဆုံးနိုင်ပွဲတစ်ပွဲကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။မန်စီးတီးအသင်းရဲ့သမိုင်းတစ်လျောက်လည်းချန်ပီယံလိဒ်မှာဂိုးအပြတ်ဆုံးနိုင်ပွဲဖြစ်လာခဲ့ပါပြီ။လျှင်မြန်တဲ့တိုက်စစ်တွေနဲ့မြိုင်ဆိုင်တဲ့မန်စီးတီးအသင်းရဲ့သွင်းဂိုးvideoလေးကိုလည်းပရိသတ်တွေအတွက်ပြန်လည်တင်ဆက်ပေးလိုက်ကပါတယ်။

SOURCE:manchester city

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။