မော်ဒယ်၊ သရုပ်ဆောင် စူးရှထက်ကတော့ ယောက်ျားလေးပရိသတ်တွေကြား ဘေဘီဆိုတဲ့ နာမည်လေးနဲ့ ရေပန်းစားအောင်မြင်နေသူလေး ဖြစ်ပါတယ်။ မြင်သူတိုင်း စွဲမက်သွားစေမယ့် ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ စူးရှထက်ကတော့ လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ကိုင်နေရပါတယ်။ အခုဆိုရင် စူးရှထက်က ကြော်ငြာလေးတွေအပြင် သီချင်းဗီဒီယိုတွေပါ ရိုက်ကူးနေရတာ ဖြစ်ပါတယ်။

ခပ်မိုက်မိုက် စတိုင်နဲ့ ပုရိသတွေ ရင်မခုန်ဘဲ မနေနိုင်လောက်အောင် ဆွဲဆောင်မှုအားပြင်းတဲ့ စူးရှထက်က အခုလည်း ပရိသတ်တွေ ကြွေကျသွားအောင် ဖမ်းစားလိုက်ပြန်ပါတယ်။ သူမရဲ့ အမိုက်စား ခန္ဓာကိုယ်အလှတရားတွေပေါ်လွင်အောင် အလန်းစားရိုက်ပြထားတဲ့ sexy ကျကျ Tik Tok ဗီဒီယိုလေးကို ဖော်ပြထားတာတွေ့ရပါတယ်။ဗီဒီယိုလေးထဲမှာ ဆွဲဆောင်မှု ရှိရှိနဲ့ အခါခါပြန်ကြည့်ချင်မိအောင် အပြတ်လန်းနေတာလည်းဖြစ်ပါတယ်။

ဘေဘီရဲ့ Tik tok ဗီဒီယိုလေးကို ကြည့်ပြီး ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲဖြစ်ပါတယ်။သူမရဲ့ sexy ကျကျ အမိုက်စားပုံရိပ်တွေပါမက tik tok ဗီဒီယိုဖိုင်လေးတွေကလည်း ပရိသတ်တွေကြားမှာ နောက်ပိုင်း ရေပန်းစား လူကြိုက်များတာလည်းတွေ့ရပါတယ်။ ကဲ..ချစ်ပရိသတ်တွေတွက် စူးရှထက်ရဲ့ အလန်းစား Tik Tok ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Zar Chi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။