သရုပ်ဆောင် ကျော်ကျော်၊ ညီထွဋ်ခေါင်နဲ့ ဆုမြတ်နိုးဦးတို့ သူငယ်ချင်းသုံးယောက်ကတော့ အနုပညာအလုပ်တွေကို အတူတူလက်တွဲလုပ်ကိုင်နေကြတဲ့ အနုပညာမောင်နှမတွေပဲ ဖြစ်ပါတယ်။ သရုပ်ဆောင်ကောင်းပြီး ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားများစွာ ရိုက်ကူးအောင်မြင်နေတဲ့ သူတို့က အောင်မြင်မှုတွေကိုယ်စီ ရရှိထားကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့သုံးယောက်က ဟာသလေးတွေ ဖန်တီးရင်း ပရိသတ်တွေကို မကြာခဏ တင်ဆက်ပေးလေ့ရှိပါတယ်။

"N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ" လို့ အမည်ပေးထားတဲ့ သူတို့သုံးယောက်အဖွဲ့လေးကတော့ အခွီဗီဒီယိုလေးတွေ တင်ဆက်ပေးလေ့ရှိပြီး ပရိသတ်တွေရဲ့တစ်ခဲနက် အားပေးမှုကို ရရှိထားပါတယ်။ အခုလည်း ကျော်ကျော်နဲ့ ဆုမြတ်နိုးဦးတို့က ရူတင်နားချိန်လေးမှာ ကုလားသီချင်းလေးတစ်ပုဒ်နဲ့ Tik Tok ကစားပြခဲ့ကြပါတယ်။ မြူးမြူးကြွကြွ သီချင်းလေးကို သူတို့အဖွဲ့က ဟန်ချက်ညီညီနဲ့ ကပြထားကြတာ ဖြစ်ပါတယ်။

ဒီအကဗီဒီယိုလေးမှာတော့ ကျော်ကျော်က အရှေ့ကနေ ဦးဆောင်ပြီး အလန်းစားကကွက်တွေကို အိုက်တင်အပြည့်နဲ့ ကပြနေပြီး ဆုမြတ်နိုးဦးတို့ သူငယ်ချင်းတစ်စုကတော့ အနောက်ကနေ လိုက်ကနေကြတာ တွေ့ရပါတယ်။ ကုလားသီချင်းနဲ့ အပီအပြင် ဒွန့်နေကြတဲ့ ကျော်ကျော်တို့အဖွဲ့ကတော့ ချစ်စရာကောင်းသလို ခွီနေရတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျော်ကျော်တို့သူငယ်ချင်းတစ်စုရဲ့ Tik Tok အကဗီဒီယိုလေးကို အောက်မှာ တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:N-H-K = ဗရမ်းဗတာ ဘီအက်ဖ်အက်ဖ်များ; 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။