ပထမအကျော့တုန်းက အဝေးကွင်းမှာ ၂ဂိုးပြတ်နဲ့ ရှုံးခဲ့တဲ့ ဂျူဗင်တပ်စ်အတွက် သူရဲကောင်းကတော့ နွေရာသီမှာ ပေါင်သန်း ၁၀၀နဲ့ ခေါ်ထားတဲ့ ရော်နယ်လ်ဒိုပဲဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီပွဲမှာ တစ်ပွဲလုံး အသာစီးနဲ့ ကစားခဲ့ပြီး တိုက်စစ်ဆင်ခဲ့တာပါ။ပထမပိုင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပေမယ့် ဂျူဗင်တပ်စ်အတွက် ၂၇မိနစ်မှာ ရော်နယ်လ်ဒိုက ခေါင်းတိုက်ပြီး ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်အတွက် နောက်တစ်ဆင့် တက်စေမယ့် အနိုင်ဂိုးကို ၈၆မိနစ်မှာ ကော်ရီယာရဲ့ အမှားက ပေးရတဲ့ ပင်နယ်တီကနေ ရော်နယ်လ်ဒိုက အမှားအယွင်းမရှိ ကန်သွင်းခဲ့တာပါ။ ရှုံးထွက် အဆင့်တွေမှာ ဂိုးအမြဲသွင်းလေ့ရှိသလို ပွဲကြီးတိုင်း ဂိုးရတဲ့ ရော်နယ်လ်ဒိုရဲ့ ဟက်ထရစ်နဲ့ ဂျူဗင်တပ်စ် ၃ဂိုးပြတ် နိုင်ပြီး ကွာတား တက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါပွဲမှာ ရော်န.ယ်ဒိုရဲ့ ဟက်ထရစ်နဲ့ ဂျူဗင်တပ်စ်ကို ကွာတားဖိုင်နယ်တက်စေခဲ့တာကြောင့် အပျော်လွန်ပြီးမျက်ရည်ကျခဲ့ရတဲ့ ရော်နယ်ဒိုရဲ့ဇနီးတစ်ယောက် ငိုကြွေးခဲ့ပါတယ်။ ချစ်ပရိသတ်တွေအတွက် ရော်နယ်ဒိုရဲ့ ဟက်ထရစ်ရယူခဲ့တဲ့ ဗီဒီယိုလေးကို အောက်မှာဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုကို အောက်မှာ ကြည့်နိုင်ပါတယ်။

source: bbc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။