ဖွံ့ဖြိုးဆဲနိုင်ငံတွေထဲမှာ ထိပ်တန်းကပြေးနေတဲ့ မြန်မာနိုင်ငံဟာ ပြည်ပနိုင်ငံကြီးများရဲ့ အလေးစားစောင့်ကြည့်မှုကို ခံနေရတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။ အဆိုပါ နိုင်ငံကြီးတွေထဲမှာ အမေရိကန်နိုင်ငံလည်း တစ်ခုပါဝင်နေပြီး ပြည်တွင်း ရင်းနှီးမြုပ်နှံ့မှုတွေနဲ့အတူ ချစ်ကြည်ရေးတွေကတော့ တစ်နေ့ထက်တစ်နေ့ပိုမိုခိုင်မာလာတာတွေ့ရပါတယ်။ ဒီကနေ့ မတ်လ ၁၃ ရက်နေ့ အစောပိုင်းမှာလည်း ပြည်တွင်း ရှိအမေရိကန်စစ်သားရုပ်ကြွင်းတွေကို အမေရိကန်လေတပ်မှ လာရောက်သယ်ဆောင်သွားကြကြောင်း သိရပါတယ်။  

အဆိုပါ စစ်သားရုပ်ကြွင်းတွေကတော့ ဒုတိယ ကမ္ဘာ စစ်အတွင်း မြန်မာနိုင်ငံမှာ မဟာမိတ် တပ်တွေ နဲ့ ဂျပန်တို့ရဲ့ တိုက်ပွဲတွေ အကြား ကျဆုံးသွားကြတဲ့ အမေရိကန် စစ်သား တွေလို့ ယူဆရတဲ့ ရုပ်ကြွင်းတစ်ကို လာရောက်သယ်ဆောင်သွားကြတာပဲဖြစ်ပါတယ်။ အဲဒီရုပ်ကြွင်းတွေဟာ ဘယ်သူ ဘယ်ဝါ ဖြစ်ကြောင်း သိနိုင်ဖို့ ဟာဝိုင်ယီ မှာ ရှိတဲ့ ဓါတ်ခွဲခန်း ဆီကို ပို့ဆောင် စစ်ဆေးသွားမှာဖြစ်ကြောင်း သိရပါတယ်။  

အဆိုပါ အမေရိကန် စစ်သည် တွေလို့ ယူဆ ရတဲ့ ရုပ်ကြွင်းတွေ ပြန်လည် ယူဆောင်တဲ့ အခမ်းအနား ကို မြန်မာနိုင်ငံ၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ပထမဆုံး ကျင်းပခဲ့တာဖြစ်ကြောင်း သိရပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ကျန်ရှိခဲ့တဲ့ အဆိုပါ အမေရိကန်စစ်သားရုပ်ကြွင်းတွေ သယ်ဆောင်မှုပုံရိပ်အချို့ကို ချစ်ပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်။

Photos - bbc b

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။