ချစ်ပရိတ်သတ်ကြီးရေ... ရိုးရိုးယဉ်ယဉ်လေးနဲ့ဆိုရင်အရမ်းကိုချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင်မင်းသမီးလေး အိချောပိုဆိုတာပရိတ်သတ်ကြီးရဲ့အချစ်တော်လေးတစ်ယောက်ပါပဲနော်။ ရုပ်ရှင်ဇာတ်ကားကြီးပေါင်းများစွာမှာပါဝင်သရုပ်ဆောင်ခဲ့ရပြီး သူမရဲ့အကယ်ဒမီရှောခ့်အိုင်တင်တွေက ပရိတ်သတ်တွေကို အချစ်ပိုစေခဲ့ပါတယ်နော်။

အကိတ်တလိုင်း အမိုက်စားခန္ဓာကိုယ်လေးနဲ့ ချစ်ဖို့ကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားတဲ့သူမဟာ အခုနောက်ပိုင်းမှာလည်းအနုပညာ အလုပ်တွေကိုဆက်တိုက်လုပ်ဆောင်နေခဲ့ပါတယ်နော်။ သူမဟာ လူကလည်းခပ်အေးအေးနေတတ်သလို နေချင်တဲ့နေရာလေးတွေကလည်း အေးအေးချမ်းချမ်းလေးနဲ့ သာယာတဲ့ နေရာလေးတွေမှာအခြေ ချင်တာကြောင့် တောင်ပေါ်မြို့လေးဖြစ်တဲ့ တောင်ကြီးမြို့ကိုရွေးချယ်ပြီးတော့ အိမ်လေးတစ်လုံးကိုဝယ်ဖို့ကြိုးစားနေပါတယ်နော်။

" လွန်ခဲ့တဲ့ ၇လကျော်လောက်ကရှုတင်တစ်ခုနဲ့ တောင်ကြီးကိုရောက်တော့ ဒီလွိုင်ခမ်းအိမ်ရာလေးကိုသွားကြည့်ဖြစ်ခဲ့တယ်... လွိုင်ခမ်းအိမ်ရာ အဝင်ပေါက်ကစပြီး အရမ်းသာယာတဲ့ ရှုခင်းတွေ ချယ်ရီပန်းပင်တွေ စိန်ပန်းပင်တွေ ထင်းရှူးတောတွေနဲ့ စနစ်ကျတဲ့လမ်းလေးက သန့်ရှင်းမှုအပြည့်နဲ့ ကြိုဆိုနေတယ်...အိမ်ရာပေါ်ရောက်တော့ တိမ်တွေနေတဲ့အရပ်ဆိုတာ ဒါပါလားဆိုပြီး အရမ်းသဘောကျမိသွားတယ်...အဲဒါကြောင့် တောင်ကြီးရောက်တိုင်းအမြဲတမ်းသွားဖြစ်ခဲ့တာပေါ့...ကိုယ့်မိသားစုနဲ့ အားတဲ့အချိန်မှာအနားယူရင်လည်း အပြည့်အဝအပန်းပြေမယ့်နေရာလေးဆိုတာရောက်ဖူးသူတိုင်းသိကြမယ်ထင်ပါတယ်...ခုတော့ ကိုယ်တတ်နိုင်သလောက်ငွေ amount နဲ့ ကိုယ်ကြိုက်တဲ့ view လေးမှာဝယ်ဖို့ဆုံးဖြတ်ခဲ့ပြီး စာချုပ်ချုပ်လိုက်ပါတယ်...ကိုယ့်အနုပညာကြေးလေးနဲ့ ဖြူစင်စွာဝယ်မယ့်အိမ်လေးမို့လို့ အေးချမ်းမှုပိုရမယ်လို့ယုံကြည်မိပါတယ်..."ဆိုပြီးတော့ သူမရဲ့ ကိုယ်ပိုင်အနုပညာကြေး ကိုယ်ပိုင်ဝင်ငွေလေးနဲ့ ကိုယ်ပိုင်အိမ်လေးကို ဝယ်ဖြစ်ခဲ့ပုံကို ချစ်ပရိတ်သတ်တွေကို ပြောပြခဲ့ပါတယ်နော်။

Source ;Ei Chaw Po

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။