ပဉ္စလတ်ရွာ ဇာတ်လမ်းတွဲမှာ စိမ်းဝါဆိုတဲ့ သူကြီးသမီးနေရာနေ သရုပ်ဆောင်ခဲ့တဲ့ ခြူးလေးဟာ MRTV -4 ကရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကနေတစ်ဆင့် ပရိသတ်အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ မင်းသမီးချောလေး တစ်ယောက်ဘဲ ဖြစ်ပါတယ် ။ သရုပ်ဆောင် မင်းသမီးခြူးဟာ ချစ်စရာဟန်ပန်အမူရာလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်ပိုစေခဲ့သူလေးလည်းဖြစ်ပါတယ်...။

သူမဟာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်ပြီး အနုပညာလှုပ်ရှားမှုပုံရိပ်များကို သူမရဲ့ ဖေ့ဘွတ်ပေါ်တွင်ဖော်ပြလေ့ရှိတာတွေ့ရပါတယ်။MRTV -4 မှာရိုက်ကူးတဲ့ ဇာတ်လမ်းတွဲတွေကို မပြတ်ရိုက်ကူးရသူလည်းဖြစ်ပြီး သရုပ်ဆောင်ပီပြင်လှသူ လည်းဖြစ်ပါတယ်။ လတ်တလောမှာတော့ လူမှုကွန်ရက် ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစားနေတဲ့ ကျော်ကျော်နန္ဒရဲ့ အိုက်တင်အတိုင်း အမိုက်စားပြန်သရုပ်ဆောင်ပြထားတဲ့ Tik Tok ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ်။

ခြူးလေးရဲ့ Tik tok လေးတွေကြည့်ပြီး အရမ်းရီနေရသလို အသည်းယားချစ်ဖို့ကောင်းတာအမှန်ပဲဖြစ်ပါတယ်။သူရဲ့ tik tok ဗီဒီယိုလေးဟာဆိုရင်လည်း ပရိသတ်တွေကြားမှာ ကြည့်ရူ့သူများပြားနေတာလည်းဖြစ်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးတွက် ခြူးလေးရဲ့ အူတက်အောင်ရီနေရတဲ့tik tok ဗီဒီယိုလေးကို မျှဝေပေးလိုက်ပါတယ်။

Source:Chue Lay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။