ပရိသတ်ကြီးရေ.. အားလုံးရဲ့အချစ်တွေကို သိမ်းပိုက်ထားတဲ့ ပြည်သူ့အချစ်တော်မင်းသားချောကြီး မြင့်မြတ်ကတော့ လတ်တလောမှာ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရေးအတွက် ရေခဲတောင်ကို ရုပ်ရှင်အဖွဲ့သားတွေနဲ့ ရောက်ရှိနေတယ်ဆိုတာ ပရိသတ်ကြီးများ အသိပါပဲနော်..။

တစ်လလောက် ရိုက်ကူးရေးသွားနေရတာဖြစ်ပြီး လတ်တလောမှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ရောက်ရှိနေပြီး “နှင်းပွင့်စေရာ” ရုပ်ရှင်ဇာတ်ကားကြီးကို မြင့်မြတ်၊ ညိမ်းသော်၊ ယုန်လေး၊ သင်ဇာဝင့်ကျော်၊ ကေညီတို့အပြင် အခြားအနုပညာရှင်များစွာနဲ့ ရိုက်ကူးနေကြတာပဲ ဖြစ်ပါတယ်နော်..။

မြင့်မြတ်နဲ့ ကေညီတို့ ပရိသတ်အချစ်တော် နှစ်ယောက်ကတော့ ရေခဲတောင်ကနေ မြစ်ကြီးနားကို သွားတဲ့ တောင်ပတ်လမ်းကြားမှာ ကားခေါင်မိုးပေါ်ကနေ လိုက်ပါကားစီးခဲ့ကြရင်း ပျော်စရာကောင်းတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကို ပြန်လည်မျှဝေထားကြပါသေးတယ်..။

“ပျော်စရာကြီး..” ဆိုပြီး မြင့်မြတ်က ချစ်ပရိသတ်တွေအတွက် သူ့ရဲ့အနုပညာလှုပ်ရှားမှုလေးတွေကို မျှဝေထားသလို အဲ့ဒီပို့စ်အောက်မှာတော့ ချစ်ပရိသတ်တွေကလည်း သူတို့ရဲ့အချစ်တော်တွေကို အစစအရာရာဂရုစိုက်ကြဖို့ Comment လေးတွေမှာ ချစ်စဖွယ်လေးတွေ မြင်တွေ့ရပါတယ်နော်..။

တစ်လတောင် ရုပ်ရှင်ရိုက်ကူးရေးသွားနေကြရတာမို့ ပရိသတ်တွေနဲ့ အဝေးရောက်နေသလို မိသားစုတွေအပြင် သားသားလေးနဲ့ ချစ်ဇနီးလေးကိုလည်း အရမ်းတွေ သတိရလွမ်းနေကြတဲ့ အကြောင်းလေးတွေကိုလည်း ပြောပြထားကြတာလည်း တွေ့ရပါတယ်..။

ဒီကနေ့လေးမှာတော့ ပြည်သူ့အသည်းကျော် မင်းသားချောကြီး ဂျင်းကောင်မြင့်မြတ်ရဲ့ ရေခဲတောင် မြစ်ကြီးနားခရီးစဉ် အမှတ်တရပုံရိပ်လေးတွေကိုလည်း ချစ်ပရိသတ်တွေအတွက် အလွမ်းပြေလေး မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo - မြင့်မြတ်၊ ယုန်လေး၊ ကေညီ

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။