ပရိတ်သတ်ကြီးရေ ပိန်ပိန်သွယ်သွယ်အမိုက်စားကောက်ကြောင်းနဲ့ ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတဲ့ သန္တာလှိုင်ကတော့ အနုပညာလောကကို အရင်ကတည်းက ဝင်ရောက်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။သန္တာလှိုင်ကို ကြော်ငြာတွေအများစုမှာ တွေ့ရပြီး ငယ်ကတည်းက ဘိုဆန်တဲ့အလှတရားတွေနဲ့ လှနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ 

သန္တာလှိုင်က မြန်မာပြည်မှာလည်းနေသလို ရေခြားမြေခြားမှာလည်း ဗဟုသုတတွေရှာမှီးရင်း အလည်အပတ်သဘောဖြင့်ရောက်ရှိနေကျဖြစ်ပါတယ်။သန္တာလှိုင်က သူမကို နားလည်ပေးပြီးချစ်တဲ့သူနဲ့ နှစ်ယောက်တစ်ဘဝလေးကို တည်ထောင်ထားလို့ အရမ်းကိုပျော်ရွှင်ရတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်နော်။အခုဆိုရင်တော့ သန္တာလှိုင်က အနုပညာအလုပ်တွေကို ရပ်နားထားပြီး ပွဲအခမ်းအနားတွေကိုသာ တက်ရောက်နေပါတယ်။

သန္တာလှိုင်က မိသားစုရဲ့ လိုအပ်ချက်မှန်သမျှကိုလည်း မလစ်ဟင်းအောင် ဂရုစိုက်သလို သူမရဲ့ အလှအပရေးရာအတွက်ကိုလည်း အထူးဂရုစိုက်ပါတယ်နော်။သန္တာလှိုင်က အခုချိန်ထိ အရမ်းလှတဲ့ ခန္တာကိုယ်နဲ့ ကြည်လင်တဲ့ မျက်နှာလေးတွေကို ပိုင်ဆိုင်ထားဆဲဖြစ်လို့ အိမ်ထောင်ရှင်အမျိုးသမီးတွေက အရမ်းကိုအားကျနေရတာပါ။သန္တာလှိုင်ကလည်း ကလေးအမေတစ်ယောက်ဖြစ်ပေမယ့် အပျိုတုန်းကလို လှလှပပလေးနေနိုင်ပါသေးတယ်ဆိုတဲ့ သက်သေကို သူမရဲ့ပုံရိပ်လေးတွေနဲ့ ဖော်ပြထားပါတယ်။

Source:Thandar Hlaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။