မကြာခင်ကာလအတွင်းမှာ ကျင်းပပြုလုပ်တော့မယ့် ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကြီးအတွက် ရွှေကြိုလေးတွေရဲ့ ရင်ခုန်သံတွေကလည်း ပိုမိုမြန်ဆန်လာပြီ ဖြစ်ပါတယ်။ ဒီနှစ် အကယ်ဒမီ ပေးပွဲမှာတော့ အနုပညာရှင်တွေရဲ့ မျိုးဆက်သစ်လေးတွေဖြစ်ကြတဲ့ ရွှေကြိုလေးတွေက သူတို့ရဲ့စွမ်းရည်တွေကို အကောင်းဆုံး ပြသဖို့ အပြင်းအထန်လေ့ကျင့်နေကြပြီဖြစ်သလို အဆင်သင့်ဖြစ်နေပြီလည်း ဖြစ်ပါတယ်။

တစ်နေ့တစ်ခြား လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေကြတဲ့ ရွှေကြိုလေးတွေက အခုဆိုရင် တကယ့်သူငယ်ချင်းအရင်းကြီးတွေလို ချစ်ချစ်ခင်ခင်နဲ့ ခင်မင်နေကြပြီ ဖြစ်ပါတယ်။ ရွှေကြိုလေးတွေက ပိတ်ရက်တွေမှာ ရုပ်ရှင်သွားကြည့်ကြသလို လေ့ကျင့်မှုမရှိတဲ့ အားလပ်ရက်တွေမှာ အုပ်စုလိုက် Video Call ပြောလေ့ရှိကြတာ ဖြစ်ပါတယ်။ အခုလည်း ခင်လှိုင့်ရဲ့သမီးလေး သဇင်ထူးမြင့်က သူတို့အဖွဲ့ရဲ့ ဟာသနာမည်လေးတွေနဲ့ ပုံလေးတွေကို မျှဝေပေးထားပါတယ်။

ရွှေကြိုလေးတွေပဲ သီးသန့်ဖွဲ့စည်းထားတဲ့ အဖွဲ့လေးမှာတော့ သူတို့တွေက တစ်ယောက်ကိုတစ်ယောက် ခပ်ဆန်းဆန်း နာမည်ပြောင်လေးတွေ ပေးထားကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် အချင်းချင်း ကျီစယ်နောက်ပြောင်နေကြတာကလည်း တကယ့်ကို ချစ်စရာကောင်းနေတာ တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မျိုးဆက်သစ် ရွှေကြိုမောင်မယ်လေးတွေရဲ့ ပျော်ရွှင်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Source:Thazin Htoo Myint & Saung Yoon San ;

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။