Angelina Jolie ဟာဆိုရင် ကမ္ဘာကျော်မင်းသမီးတစ်ယောက်ပဲဖြစ်ကာ ခုရက်ပိုင်းတွေမှာ သူဟာသူရဲ့ကလေးတွေကို အချိန်ပေးကာ ပျော်ရွှင်စွာပဲဖြတ်သန်းနေပါတယ်။ သူမဟာ ကလေးတွေရဲ့အုပ်ထိန်းခွင့်ရဖို့ သူရဲ့အရင်ယောကျ်ားဖြစ်သူ Brad Pitt နဲ့ တရားခွင်မှာ ရင်ဆိုင်နေရတုန်းပဲဖြစ်ပါတယ်။ တနင်္လာနေ့မှာဆိုရင် သူမဟာ အငယ်ဆုံးကလေး၄ယောက်ကိုခေါ်ပြီး Dumbo ရဲ့အထူးရုပ်ရှင်ပြပွဲကို သွားရောက်ခဲ့ပါတယ်။  

သူမရဲ့ခန္ဓာကိုယ်ပေါ်မှာဆိုရင် အနည်းဆုံး တက်တူးအခု ၂၀ရှိပါတယ်။ သူမဟာ သူမရဲ့ကျောဘက်က တက်တူးတွေကို ပေါ်လွင်အောင် Dumboရုပ်ရှင်ပွဲမှာ ဝတ်ဆင်လာခဲ့ပါတယ်။ သူမရဲ့အသက်ဟာဆိုရင် ခုချိန်မှာ ၄၃နှစ်ရှိပြီးဖြစ်ကာ အရင်လိုလှပနေတုန်းပါပဲ။ သူမရဲ့ကျောဘက်က တက်တူးကြီး ၃ခုဟာဆိုရင် ၂၀၁၆ခုနှစ်က ထိုးခဲ့တာဖြစ်ပြီး ဗုဒ္ဓမန္တန်းတွေပဲဖြစ်ကာ ထိုးပေးခဲ့တဲ့သူကတော့ Yantra လို့ခေါ်တဲ့ မိန်းကလေးပဲဖြစ်ပါတယ်။  

သူမရဲ့ဘယ်ဘက်ပုခုံးပေါ်က တက်တူးကတော့ သူသားဖြစ်တဲ့ Maddox ကိုရည်ရွယ်ထားတာဖြစ်ပြီး ၂၀၀၃ခုနှစ် Thai နိုင်ငံက Hotel မှာထိုးပြီးခဲ့တာဖြစ်ပါတယ်။ သူမဟာ ၂၀၀၀ခုနှစ်က တက်တူးတစ်ခုထိုးခဲ့ကာ ၂၀၀၂ ခုနှစ်မှာ အဲ့တက်တူးကို လေဆာနဲ့ဖျက်ခဲ့ပါတယ်။ အဲ့တက်တူးဖျက်တဲ့နေရာမှာ Jolie ဟာ သူရဲ့ကလေးတွေနဲ့ Brad Pitt ရဲ့ မွေးရပ်တွေကိုအစားထိုးလိုက်ပါတယ်။ ခု Disney ရဲ့ Dumbo ကားမှာ Jolie ပါဝင်ခဲ့ခြင်းမရှိပေမဲ့ Disney ရဲ့နောက်လာမဲ့ကားဖြစ်တဲ့ Maleficent: Mistress of Evil မှာပါဝင်မှာဖြစ်ကာ နောက်နှစ်မှာထွက်ရှိမှာဖြစ်ပါတယ်။

Source : Daily Mail Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။