ချစ်ရတဲ့ ပရိသတ်ကြီးရေ.. အားလုံးရဲ့အသည်းကျော် မင်းသမီးချောလေး ဖွေးစိန်လေးကတော့ ကား Accident ဖြစ်ခဲ့တယ်ဆိုတဲ့ သတင်းကြောင့် အနုပညာရှင်အသိုင်းအဝိုင်းနဲ့ ပရိသတ်တွေကလည်း အတော်လေးကို စိတ်ပူခဲ့ကြပြီး ပရိသတ်တွေကြား အတော်လေးကို ဂယက်ထသွားခဲ့ပါတယ်နော်..။

ဖွေးစိန်လေး ကား Accident ဖြစ်တယ်ဆိုတဲ့သတင်းဟာ မတ်လ(၁၂)ရက်နေ့က ထွက်ပေါ်လာခဲ့တာဖြစ်ပြီး ကား Accident ကြောင့် ခါးကိုလည်း ခွဲစိတ်ကုသမှု ခံယူခဲ့ရတယ်လို့ သိရပါတယ်နော်..။

ပရိသတ်တွေအတော်တော်များများ စိတ်ပူနေကြတာမို့ ဖွေးစိန်လေးရဲ့ ဖေဖေက ချစ်ပရိသတ်တွေအတွက် ဖွေးစိန်လေးရဲ့ လက်ရှိကျန်းမာရေး အခြေအနေလေးကို ပြောပြလာခဲ့ပါတယ်..။

စိတ်ပူကြတဲ့ ပရိသတ်တွေများလွန်းပြီး ဖွေးစိန်လေးရဲ့ဖခင်ဖြစ်သူကို မေးမြန်းသူတွေများလွန်းတာမို့ သူမရဲ့ဖေဖေက စိတ်ပူနေကြတဲ့ ချစ်ပရိသတ်တွေအတွက် ဖွေးစိန်လေးရဲ့ ကျန်းမာရေးအခြေအနေကို ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ်နော်..။

ဖွေးစိန်လေးရဲ့ ဖေဖေက သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေ “စိတ်ပူပေးကြသူများအတွက်

အားလုံးကျမ်းကျမ်းမာမာ

အေးအေးဆေးဆေးပါ

မက်စင်ဂျာခဏနားထားပါတယ်ဗျ

ဖြေရတာမောလွန်လွန်းလို့စ်..” ဆိုပြီး ပရိသတ်တွေ စိတ်မပူကြဖို့ ရေးသားပြောပြထားတာ ဖြစ်ပါတယ်..။

ဖွေးစိန်လေးရဲ့ ကျန်းမာရေးကတော့ လတ်တလောမှာ စိတ်ချရတဲ့ အခြေအေနလေးမှာ ရှိနေပြီမို့ ချစ်ပရိသတ်တွေလည်း စိတ်သက်သာရသွားအောင် Myanmarload မှလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo - Kyaw Kyaw Win

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။